စိတ်မနှံ့သူ
တစ်ဦးကို လှောင်အိမ် ထဲမှာ နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင်
ထားခြင်းနဲ့ ပတ်သက်ပြီး ဝေဖန် မှတ်ချက် မျိုးစုံ ပေါ်ထွက် နေပေမယ့် အပေါင်း
လက္ခဏာ ဆောင်တဲ့ အဖြေ တစ်ခုမှ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရ ပါတယ်။ ဝေဖန်သူ
တွေက ဒီလို နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင် ထားခြင်း ဟာ
မဖြစ်သင့် ကြောင်း ထောက်ပြ ခဲ့သလို အချို့ ကလည်း စိတ်မနှံ့ သူဖြစ် တာမို့
အကောင်း ဆုံးဖြစ် မယ့် နည်းလမ်း ကိုသာ ရွေးချယ် ခဲ့ရခြင်း ဖြစ်ကြောင်း
ပြောကြား ခဲ့ပါတယ်။
တရုတ်နိုင်ငံ ဟီနန်
အရပ် ဒေသမှာရှိတဲ့ အသက် (၄၈)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပန်ဂီတွင် ဟာ အသက်
ခြောက်နှစ် အရွယ် ကတည်းက စိတ်ဝေဒနာ ခံစားနေရ တာဖြစ်ပြီး စိတ်ဖောက်ပြန်
တဲ့အခါ ကိုယ့်ကိုယ် ကိုယ် ဒဏ်ရာ အနာတရ ဖြစ်အောင် ပြုလုပ် တတ်တာမို့ အသက်
(၈၀)နှစ် အရွယ် ရှိပြီဖြစ် တဲ့ မိခင်ဖြစ်သူ ၀ီမီက စိုးရိမ်ပြီး လှောင်
အိမ်ထဲမှာ ပိတ်လှောင် ထားခြင်း ဖြစ်ပါတယ်။ ပန်ဂီတွင် ဟာ ငယ်စဉ် ဘ၀မှာ
အဖျား ရောဂါ ပြင်းထန်စွာ ခံစားရပြီးတဲ့ နောက် စိတ်မနှံ့တဲ့ ရောဂါ စွဲကပ်
သွားခြင်း ဖြစ်တယ် လို့
မိခင်ဖြစ် သူက ဖွင့်ဟ ခဲ့ပါတယ်။ ပန်ဂီတွင် ကို
မိဘတွေ က အကောင်းဆုံး ကုသမှု ပြုလုပ် ပေးခဲ့ပေမယ့် ကိုယ့်ကိုယ် ကိုယ်
စိတ်မထိန်း နိုင်တာမို့ အနာတရ ဖြစ်အောင် ပြုလုပ် တတ်တဲ့ အပြင် လမ်းလည်း
ကောင်းစွာ မလျှောက် နိုင်လို့ ထိ ခိုက်ဒဏ်ရာ ရမှုတွေ မကြာခဏ ကြုံတွေ့ ခဲ့ရ
ပါတယ်။
ဒါပေမဲ့ ပန်ဂီတွင် ဟာ သူ့ရဲ့ အမေ
ဖြစ်သူ ကို ကောင်းစွာ သိနေတယ် လို့ ဆိုပါ တယ်။ အသက် (၈၀)နှစ်
ရှိပြီဖြစ်တဲ့ ပန်ဂီတွင် ရဲ့ မိခင်ဟာ သူ့သားကို သူ သေဆုံး တဲ့အခါ ဘယ်သူ
စောင့်ရှောက် သွားမလဲဆိုတာ စိုးရိမ် ပူပန် နေပြီး ယနေ့ အချိန် အထိ
မိခင်မေတ္တာ အပြည့်နဲ့ ကျွေးမွေး စောင့်ရှောက် နေတုန်း ဖြစ် ပါတယ်။
The Messenger
No comments:
Post a Comment