18 March 2014

ဒိုက်ဦးမြို့နယ် မဂ်လွန်းကျေးရွာအနီးတွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

၂၀၁၄ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့ ဒိုက်ဦးမြို့နယ် ၊ မြို့မရဲစခန်း အရှေ့တောင်ဘက် (၁၂) မိုင်အကွာ ညောင်ခါးရှည် ရထားလမ်း မိုင်တိုင်အမှတ်(၁၂/၁)၊ မဂ်လွန်းကျေးရွာအနီးတွင် အမည်မသိ လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း MOI Webportal Myanmar သတင်းအရသိရပါသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို မဂ်လွန်းကျေးရွာ အုပ်ချုပ်ရေးမှူးက သတင်းပေးချက်အရ ဒိုက်ဦးမြို့မရဲစခန်းမှူး ဒုရဲအုပ်တင်ထွန်း၊ သုံးခွရဲကင်းရဲစခန်းမှူး ဒုရဲအုပ် ဦးထွန်းထွန်းလေး ၊ မဂ်လွန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

 ဒိုက်ဦး-ညောင်ခါးရှည် မီးရထားလမ်း အရှေ့ဘက်(၁၀)ပေခန့်အကွာရှိ (၁၀)ပေခန့် မြင့်သော ကုက်ကိုပင်သစ်ကိုင်းတွင် အမည်စုံစမ်းဆဲ (၄၀)နှစ် (ဘ)မည် နေရပ်စုံစမ်းဆဲ အမျိုးသားတစ်ဦးမှာ ဂျင်းဘောင်းဘီအရှည် နက်ပြာရောင်အား အသုံးပြု၍ ဂျင်းဘောင်းဘီတစ်စအား သစ်ကိုင်းတွင် ချီနှောင်ပြီး ကျန်တစ်ဘက်အား ၄င်း၏လည်ပင်းတွင် ချည်နှောင်လျက် မျက်စိဖွင့်၊ ပါးစပ်ဟ၊ ခြေချောင်း လက်ချောင်းကုပ်၊ လည်ပင်းညိုမဲစွဲ ဒဏ်ရာများဖြင့် ကြိုးဆွဲ ချသေဆုံးနေသည်ကို စစ်ဆေးရေး အဖွဲ့ က တွေ့ရှိခဲ့ရသည်။


အဆိုပါ သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးပါရန် ဒုရဲအုပ် ထွန်းထွန်းလေးက တရားလိုပြုလုပ် တိုင်တန်းလာ သဖြင့် ဒိုက်ဦးမြို့မရဲစခန်း က သေမှု/သေခင်းအမှတ်စဉ် (၄/၂၀၁၄) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း MOI Webportal Myanmar သတင်းအရ သိရှိရပါသည်။

BY THIT HTOO LWIN

No comments:

Post a Comment