18 March 2014

ဆွာတိုးဂိတ်အနီး ပြည့်တန်ဆာများ ပေါများနေ၍ ဒေသခံများ မကျေနပ်

ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက် မှန်စီကျေးရွာအနီး ရန်ကုန်- မန္တလေးကားလမ်းရှိ တိုးဂိတ်တွင် ညစဉ် ပြည့်တန်ဆာ မိန်းကလေးများ ပေါများလျှက်ရှိရာ အနီးအနားတွင် ကောင်ရောင်း ကောင်းဝယ် လုပ်ကိုင်သူများကို များပါလူမှုရေးအရ ထိခိုက်မှုများရှိလာ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့က ဒီနားမှာဈေးရောင်း နေတာ အခုအလုပ်သမားတောင် ငှားလို့မရဘူးဖြစ်နေတယ် ညတိုင်းလိုလို ဖြစ်ချင်တိုင်း ဖြစ်နေတော့ ဒီနားမှာရှိတဲ့ ဈေးဆိုင်တွေကိုတောင် တစ်မျိုးထင်ကြတယ်ဗျာ မိန်းကလေးရလားဆိုပြီး လာမေးတာ အတော့်ကို စိတ်အနှောက်အယှက် ဖြစ်ပါတယ်ဟု" ကိုယ်တိုင်ကြုံတွေနေရသူ ကိုနန်းဝေ ကပြောပြသည်။


ည ၁၁နာရီနောက်ပိုင်းမှ နံနက် ၂နာရီကြား အချိန်တွင် အများဆုံးဖြစ်ပြီး ရဲတပ်ဖွဲဝင်များ လာလျှင် ထွက်ပြေးလေ့ရှိကြောင်း သိရသည်။

"ညအချိန် ကိစ္စရှိလို့သွားရတဲ့ အခါမျိုးဆို မိန်းကလေး ပါရင် ရိသဲ့သဲ့ပြောတာခံရသေးတယ်" ဟု ကိုနန်းဝေ ကပင်ပြောပြသည်။

ပြည်တန်ဆာမိန်းကလေး များမှာ ဆွာမြို့မှာပင် ဆိုင်ကယ်ကယ်ရီဖြင့် လာရောက်လေ့ ရှိကြောင်း သိရပြီး ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားလျှက်ရှိသည်။            

ရေတာရှည် - မီဒီယာ

BY THIT HTOO LWIN

No comments:

Post a Comment