14 March 2014

မြန်မာရုံတင်ကားတွေကို ပရိသတ်အားလုံးတော့ မကြိုက်နိုင်ဘူးလို့ ပြောသွားတဲ့ ၀တ်မှုန်ရွှေရည်

ခုနောက်ပိုင်း ရုံတင်ထားတဲ့  မြန်မာဇာတ်ကားတွေဟာ ဇာတ်လမ်းအရ ဟာသများသလို ဇာတ်ကားနာမည်တွေကလည်း ပေါ်ပင်ဖြစ်မယ့် ကားနာမည်တွေ သုံးလာတာကြောင့် အဲ့ဒီအကြောင်း ၀တ်မှုန်ရွှေရည်ကို မေးမြန်းကြည့်တဲ့အခါ ‘အခုဆို မာကြီးရှည်ကား ရုံတင်နေတယ်။ အဲ့ကားတွေက လွန်ခဲ့တဲ့ ၃နှစ်လောက်က ရိုက်ထားတဲ့ကားတွေ ဖြစ်တဲ့အတွက် ကိုယ့်ဖက်ကတော့ အဲဒီတုန်းကချိန်ပြီး လုပ်ရတာပေါ့။ ကိုယ့်ကိုကိုယ်မှန်းဆပြီး လုပ်ရတဲ့အတွက် အန္တရာယ် အရမ်းများပါတယ်။ ဈေးကွက်ရော၊ ပရိသတ်အကြိုက်ပေါ် မူတည်ပြီး ရိုက်ရတဲ့အတွက်တော့ နဲနဲတော့ ခက်ခဲတယ်။ ဘာဖြစ်မလဲဆိုတာ ကြိုမသိရတဲ့အတွက်တော့ ခက်ခဲပါတယ်။ ၃၉ဗိုက်ပူက အရမ်းကြီးပေါက်တယ်ပေါ့။ ကိုယ်ကတော့ ကားတိုင်းလိုလို အားစိုက်တာပဲ။ ဒါပေမဲ့ ၃၉ ဗိုက်ပူက အရမ်းအောင်မြင်တယ်။ စံချိန်ချိုးတယ်ပေါ့နော်။ မာကြီးရှည်က ပိုစတာကိုကြည့်ပြီး လန့်နေကြတယ်။
ပရိသတ်တွေက အမှန်က ပိုစတာနဲ့ဇာတ်ကားနဲ့က ဘာမှပတ်သတ်မှုမရှိဘူး။ ဒါရိုက်တာကလဲ စိတ်ဝင်စားအောင် နာမည်ကို ပေးထားတာပါ။ တကယ်တမ်း ဇာတ်လမ်းလေးက တော်တော်လေး အဆင်ပြေတယ်။ ရှမ်းပြည်ဖက်မှာ ရိုက်ထားတဲ့ အတွက် ရှုခင်းတွေလဲ တော်တော်လေးလှတယ်။ ဟာသလေးလဲ ပါတော့ ပျော်စရာလေးတွေဖြစ်နေတာပေါ့။ ကစ်အနေနဲ့တော့ ကြိုက်တယ်။ ၃၉ဗိုက်ပူက ရုံမှာလူအ၀င်များပေမဲ့ ပေါတယ်လို့ ပြောကြတဲ့ပရိသတ်တွေနဲ့ ပတ်သတ်ပြီး ၃၉ဗိုက်ပူက တစ်နှစ်လုံးပြတဲ့ကားတွေထဲမှာ လူအ၀င်များဆုံးလို့ကားပေါ့။ ရုံပြည့်ရုံလျှံကို အားပေးကြတယ်။ ပရိသတ်ကတော့ မတူဘူးပေါ့နော။် ၈၀ရာခိုင်နှုန်းကြိုက်ပေမဲ့ ၂၀ရာခိုင်နှုန်းက ကြိုက်ချင်မှကြိုက်မယ်။ ကစ်ကား၁၀ကားမှာ ၁၀ကားလုံးကြိုက်ရမယ်လို့မဟုတ်ဘူးလေ။ ကြိုက်တဲ့သူရှိသိလို၊ မကြိုက်တဲ့သူလဲရှိတယ်။ လူ၁၀၀မှာ ၁၀၀လုံးကတော့ မကြိုက်နိုင်ဘူး’လို့ သူမက ပြောပြခဲ့ပါတယ်။

 ခင်ဆွေသက်/Trend Myanmar

No comments:

Post a Comment