14 March 2014

ဈေးကွက်အနေအထားအရ ကိုယ်ကြိုက်တာချည်းပဲ ရိုက်လို့မရဘူးလို့ဆိုတဲ့ လူမင်း

သင်္ကြန်အပြီးမှာ ထူးခြားဆန်းပြားတဲ့ ရုပ်ရှင်ကားကြီးနှစ်ကားကို ပုံဖော်ရိုက်ကူးမယ့် သူကတော့ အန်ကယ်လေးပဲဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဗီဒီယိုကားတွေကို ဆက်တိုက်ရိုက်ကူးနေသူဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် ရုပ်ရှင်အစည်းအရုံးမှာ ၀င်အရွေးမခံတော့ဘူး လို့လည်း သိရတာကြောင့် သူရှိရာ ရှုတင်သို့သွားပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ခုရိုက်နေတဲ့ ကားနာမည်က ဒယ်ဒီပွစိတဲ့။ ဒါရိုက်တာက ညွှန့်မြန်မာ ညီညီအောင်၊ ကျော်ကျော်နဲ့ကစ်ကစ်ပေါ့။ ဒီနာမည်ကို ကြည့်တာနဲ့ ဟာသကားဆိုတာ သိသာမှာပါ။ ကာရိုက်တာအနေနဲ့ ကိုယ်က တပ်ထဲက အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကြီး၊ သမီးကို တပ်ထဲကပုံစံအတိုင်း အုပ်ချုပ်တာပေါ့။ နောက်ဆုံး အုပ်ချုပ်လို့မရပဲ အရှုံးပေးလိုက်ရတဲ့ ပုံစံလေးပေါ့။ ရှေ့မှာ ရိုက်ခဲ့တဲ့ကားတွေနဲ့တော့ ဒီကားကတော့ မတူဘူး။ ကွဲတယ်ပေါ့။’လို့ သူက ပြောပါတယ်။
ဇာတ်ကားရွေးချယ်ရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့လည်း သူက  ‘ကိုယ့်ရဲ့ပင်ကိုယ်စိတ်နဲ့ ဆိုရင်တော့ ကားကို နည်းနည်းနဲ့ ကောင်းတာလေးတွေ ရွေးရိုက်ချင်တာပေါ့။
ဒါပေမဲ့ ကိုယ်တို့ဈေးကွက်နဲ့ဗီဒီယိုအနေအထားနဲ့ကျတော့ ကိုယ့်အကြိုက်ကြီးနဲ့ပဲ ရိုက်လို့မရဘူး။ ပရိသတ်အကြိုက်နဲ့ ထုတ်လုပ်သူအကြိုက်ကို ရွေးပြီးရိုက်ကြတာပေါ့။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ရုပ်ရှင်ကားတစ်ကားကို တစ်နှစ်လောက် အချိန်ယူပြီးတော့ ရိုက်လို့မရဘူး။ သူ့အရပ်နဲ့သူ့ဇာတ်ပေါ့။ အဲဒီလိုလောက်လဲ အမြတ်အစွန်းမရဘူး။ အဲလိုလောက်လဲ မရင်းနှီးနိုင်ဘူး။ အဲဒါကြောင့်လဲပါတယ်။ အခုက အင်တာနေရှင်နယ်မှ မသွားနိုင်သေးတာ။ ခုထွက်ထားတဲ့ ဆဌမမြောက်အခန်း ကားဆိုအငှားရဆုံးထဲမှာ ၁၀င်တယ်။ ဒါပေမဲ့တချို့ပရိသတ်တွေ မကြိုက်ကြတာလဲရှိတယ်။ ဒါပေမဲ့ကိုယ့်အနေနဲ့က အရမ်းကြိုက်တယ်။ အော်ရင်ဂျင်နယ်ကားကိုကြည့်ကတည်းက ဇာတ်ကိုလဲကြိုက်တယ်။ ကိုယ်နဲ့လဲလိုက်လို့ရိုက်ခဲ့တာပေါ့။ ကြားထဲမှာ ကြိုက်သူလဲ ရှိသလို မကြိုက်သူလဲရှိနိုင်ပါတယ။် ပရိသတ်မကြိုက်ရတဲ့ အကြောင်းအရင်းကတော့ သူက အေးအေးဆေးဆေး ဇိမ်ယူပြီး ကြည့်ရတဲ့ကား၊ အပျင်းပြေကြည့်ရတဲ့ကားမဟုတ်ဘူး။ စကားလုံးလေးတွေအစ သေချာလေးကြည့်လို့ကောင်းတယ်ကားလေးပါ’တဲ့။

ခင်ဆွေသက်/Trend Myanmar

No comments:

Post a Comment