ပြည်ပမီဒီယာ များကို တုံ့ပြန် နိုင်ရန် ရခိုင်ပြည်နယ် သံတွဲ မြို့ရှိ
သိမ်ကုန်း ကျောင်းတိုက် ၌ မြို့သူ မြို့ သား များအား မီဒီယာ သင်တန်း ပို့ချ
သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ က The Messenger သ တင်းစာသို့
မိန့်ကြား သည်။ မနက် ၈ နာရီ မှာ သိမ်ကုန်း ကျောင်း တိုက်မှာ ပို့ချ မှာပါ၊
ပါဝင် မှာတော့ ကတော့၊ ကင်မရာ သုံးစွဲ နည်း၊ ဖေ့စ်ဘုတ်စ် သုံးစွဲ နည်း၊
ဆရာတော် နှစ်ပါး ရယ်၊ ကင်မရာ ဆရာ နှစ်ယောက် ရယ်ပါ မယ်””ဟု ဆရာတော် ဦးဝီရသူ
က မိန့်ကြား သည်။ ထို ကဲ့သို့ မီဒီယာ သင်တန်း ပို့ချ မှုကြောင့် နိုင်ငံ
တကာ ၀က်ဘ်ဆိုက် များ၊ BBC/VOA စသော အသံလွှင့် ဌာန များ ၏ မဟုတ် မမှန်
ထုတ်လွှင့်မှု များမှ လွတ်မြောက် မည်ဖြစ် ကြောင်း၊ နိုင်ငံ တကာ မီဒီယာများ က
လက် နက်ကြီး များဖြင့် ပစ်ခတ် နေချိန် တွင် မိမိ တို့ အနေဖြင့်
ခြောက်လုံးပြူး လောက် အဆင့် ကိုကိုင် ဆွဲထား ရမည် ဖြစ်ကြောင်း၊ မြန်မာ
ပြည်သူ များ ဖေ့စ်ဘုတ် ကို တွင် တွင် ကျယ် ကျယ် သုံးပြီး၊ ပြည်ပ မီဒီယာ
များ ၏ မဟုတ် မမှန် ထုတ်လွှင့် မှု များကို တုံ့ပြန်ရန် ရည်ရွယ် ကြောင်း
ဦးဝီရသူ က ဆက်လက် မိန့်ကြား သည်။
"မှတ်ချက် ပေးဖို့ ခက် ပါတယ်။ အဲဒါက ရဟန်းတို့ သိက္ခာ ပုဒ်နဲ့ မေးရ မှာ
ပေါ့နော်။ ရဟန်းတွေ ကိစ္စ ဟုတ် သလား၊ သက်ဆိုင်ရာ ကျင့်ဝတ် သိက္ခာ နဲ့
ပြည့်စုံ တဲ့၊ ဆရာ တော်သံ ဃာတော်ကြီး တွေကို မေးရမှာ။ ကျွန်တော် တို့
ဖြေဖို့ ခက်တယ်။ ရဟန်း ကိစ္စ လား၊ လူ ကိစ္စ လား ဆရာတော် တွေကို မေးရ မှာပါ၊
ကျွန်တော် တို့ မှတ်ချက် ပေး ဖို့ ခက် ပါတယ်" ဟု မြန်မာ နိုင်ငံ စာနယ်ဇင်း
ကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေ က The Messenger သတင်းစာ
သို့ ပြောသည်
Messenger News Journal
No comments:
Post a Comment