ရိုက်တာ
ကွာလာလမ်ပူ၊ မတ် ၁၈
လေယာဉ်ပျောက်ဆုံးရခြင်း၏ ဖြစ်နိုင်ခြေ အကြောင်းရင်းများအနက်
လေယာဉ်မှူးသို့မဟုတ် တွဲဖက် လေ ယာဉ်မှူး၏ မိမိကိုယ်မိမိ အဆုံးစီရင်မှုလည်း
ပါဝင်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများက ထည့်သွင်း စဉ်း စားထားကြသည်ဟု မတ်လ
၁၈ ရက် က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပျောက်ဆုံးလျက်ရှိသော မလေးရှား ခရီးသည်တင်ဂျက်လေယာဉ် မပျောက်ကွယ်မီတွင်
ထိုလေယာဉ်၏ လေယာဉ်မှူး အခန်းမှကြားခဲ့ရသော နောက်ဆုံးစကားများကို
ပြောဆိုခဲ့သူမှာ တွဲဖက်လေယာဉ်မှူး ဖြစ် ကြောင်း ထိုလေကြောင်းလိုင်း၏
အမှုဆောင်အရာရှိချုပ်က ပြောခဲ့သည်။
မတ်လ ၈ ရက်ကတည်းက ပျောက်ဆုံးလျက်ရှိသော မလေးရှား လေကြောင်းလိုင်းပိုင်
လေယာဉ်အမှတ် MH370 အား ယခုအထိ ခြေရာခံနိုင်ခြင်း မရှိသေးပေ။
ထိုပျောက်ဆုံးလေယာဉ်ပေါ်တွင် လူစုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြသည်။
လေယာဉ်ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး ဘိုးရင်း 777-200ER
လေယာဉ်အကြောင်းနှင့် စီးပွားရေး လေကြောင်း သွားလာမှုကို ကျွမ်းကျင်သူ
တစ်စုံတစ်ဦးက လေယာဉ်ကို မူလလမ်းကြောင်းမှ မိုင်ပေါင်း ထောင်နှင့်ချီကာ
သွေဖည်၍ မောင်းနှင်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း
စုံစမ်းစစ်ဆေးရေးသမားများအနေဖြင့် ပိုမို ထင်မြင် ယူဆလာနေကြသည်။
လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မကြုံစဖူး အကြီးအကျယ် ရှာ ဖွေမှုတစ်ရပ်ကို
ပြုလုပ်လျက်ရှိနေပြီး မြောက်ပိုင်းကက်စ်ပီယန် ပင်လယ်ကမ်းစပ်ဒေသများမှစ၍
အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်စွန်းပိုင်းအထိ ရှာဖွေနေသည်။
လေကြောင်းလိုင်းအမှုဆောင် အရာရှိချုပ် အာမက်ဂျိုဟာရီယာယာက သတင်းစာ
ရှင်းလင်းပွဲတစ်ခု၌ ပြော ကြားခဲ့ရာတွင် လေယာဉ်၏ အလိုအလျောက်
ခြေရာခံစနစ်များအနက် တစ်ခုကိုမည်သည့်အချိန်တွင် ပိတ် လိုက်ကြောင်း
ရှင်းရှင်းလင်းလင်း မသိရှိရသေးဟုဆိုခဲ့ရာ ပြီးခဲ့သည့်အပတ် စနေ၊
တနင်္ဂနွေနေ့များက အစိုးရ၀န်ကြီးများ မှတ်ချက်ချခဲ့သည်နှင့် ကွဲလွဲနေသည်။
“ACARS” ဟု ခေါ်ဆိုကြသော အလိုအလျောက် လေယာဉ်ခြေရာခံကိရိယာအား
ပိတ်လိုက်ပြီးနောက် “ကောင်းပါပြီ။ ကောင်းသောညပါ” ဟု လေယာဉ်ထဲမှပြောခြင်းကို
မြေပြင်ရှိ လေကြောင်းထိန်းချုပ်ရေးဌာ နမှ လက်ခံရရှိခဲ့ရာ လေယာဉ်မှာ
အပိုင်စီးခံရခြင်း သို့မဟုတ် အဖျက်လုပ်ရပ်တစ်ခုခု အလုပ်ခံရခြင်း ဖြစ်
နိုင်ကြောင်း သံသယများ ပိုမို ခိုင်မာလာခဲ့သည်။
Mizzima Burmese
No comments:
Post a Comment