30 March 2014

ဖွဲ့စည်းပုံတွင် ဖက်ဆစ်အနံ့အသက်ပါနေကြောင်း ဦးတင်ဦးပြောကြား


“နောင်တစ်ခါလည်းပဲ ဖက်ဆစ်ယောင်ယောင်အသွင်တစ် မျိုးနဲ့ ပြန်လာတတ်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းပြောဆိုခဲ့သည့် စကားရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဦးတင်ဦးကမတ်လ ၂၇ ရက်နေ့ NLD (ဗဟိုရုံး) ကျင်းပခဲ့သည့်ဖက်ဆစ်တော်လှန် ရေးနေ့အခမ်းအနားတွင်ပြောကြားခဲ့ သည်။

“၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်သော ပြင်ဆင်ရန်ခက်ခဲအောင်ပြုလုပ် ထားသော တစ်နည်းအားဖြင့် ဖက်ဆစ်ဝါဒအငွေ့အသက်ပါ သော အချက်များနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဆစ်အနံ့ အသက်ဖြစ်စေသည့်အချက်များ ကိုလုံးဝပြင်ဆင်သင့်တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ သည်ပြည်တွင်းမှာလည်း သိက္ခာ ရှိ၍ ပြည်ပမှာလည်းသိက္ခာရှိသည့် င်္Federal ပြည်ထောင်စုမြန်မာနိုင်ငံ ၏အခြေခံဥပဒေကြီးဖြစ်အောင် ဆောင်ရွက်ရန်တိုက်တွန်းသည်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦးကပြော သည်။
၎င်းကဆက်လက်၍ “ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့စကားတစ်ခု က နောင်တစ်ခါလည်းပဲ ဖက်ဆစ် ယောင်ယောင်အသွင်တစ်မျိုးနဲ့ ပြန်လာတတ်တယ်တဲ့။ စပြီးအမျိုး သားညီလာခံခေါ်ကတည်းက ဒီအနံ့ကြီးပါနေတယ်။ ဖွဲ့စည်းပုံ ဟာလည်း အနံ့လေးပါနေတယ်။ ဘာလိုလဲဆိုတော့ ၂၅ ရာခိုင်နှုန်း က အနံ့ကြီးပဲဗျ။ အဲဒီအနံ့ပျောက် အောင်လုပ်ရင်အကောင်းဆုံးပဲ။ လူငယ်တွေကိုအားကိုးတယ်။ အနံ့အသက်ပါတာတွေကို ရှင်း အောင်လုပ်ကြဖို့ပြောချင်တယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မ တော်တွင် တာဝန်ရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာတွင် အမျိုးသားညီလာခံက ချမှတ်သည့်အခြေခံမူ ၁၀၄ ချက် ကို အခြေခံရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ထောက်ခံဆန္ဒမဲပေးသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ဆန္ဒကိုလေးစား ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အခန်း (၁၂) အခြေခံဥပဒေပြင် ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထား သည်နှင့် အညီဆောင်ရွက်ရမည် ဖြစ်ကြောင်း (၁၉၄၉)၊ (၁၉၄၉)၊ (၁၉၆၂)နှင့် (၁၉၈၈) ခုနှစ် အာဏာသိမ်းမှုများသည်တပ်မတော်ကနိုင်ငံတော်ကိုကာကွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၆၉ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကမိန့်ခွန်းပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။

ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက် ရာတွင် တပ်မတော်၏အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာ များအဖြေရှာသည့်စားပွဲဝိုင်းတွင် လည်း တပ်မတော်ဆက်လက် တည်ရှိနေရန်လိုအပ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း ၁၂ တွင် ပြဋ္ဌာန်း ထားသည့်ပြဋ္ဌာန်းချက်များနှင့် အညီပြင်ဆင်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက်နိုင်မည့်ကောင်းကျိုး၊ ဆိုးကျိုးအလားအလာများကိုထည့် သွင်းစဉ်းစားသုံးသပ်ရန် အရေး ကြီးကြောင်း ပြည်ထောင်စုလွှတ် တော်၌ သမ္မတသက်တမ်း ၃ နှစ်ပြည့်အထိမ်းအမှတ်ပြောကြားသည့်မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန် ကထည့်သွင်းပြောကြားသည်။

အာကာဗိုလ်
Hot News Journal

No comments:

Post a Comment