ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်မြေ(၂)လမ်း မချောချောခက်၏ နေအိမ်တွင် မတ်လ(၅)ရက် နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက် ၊ရန်အောင်မြေ(၂)လမ်းနေ
(ဘ)ဦးတင်မြင့်၏ သမီး မချောချောခက် အသက် (၃၅)နှစ်နှင့် ခင်ပွန်းဖြစ်သူ
(ဘ)ဦးမြအောင်၏သား မောင်အောင်ကျော် အသက်(၂၉)နှစ်တို့ လင်မယားချင်း
စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ပါသည်။
၅-၃-၂၀၁၄ ရက်နေ့ နံနက် (၈း၃၀)နာရီအချိန်တွင် ညီမဖြစ်သူ မဇာဇာခိုင်မှ
ဘားအံမြို့ မြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားချက်အရ ဒုရဲမှူး စိုးဝင်း
မှ အခင်းဖြစ်ရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မချောချောခက် မှာ
ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲလက်မောင်းပြတ်ရှ ဒဏ်ရာ
(၁)ချက်၊
ဝဲလက်မောင်းအတွင်း ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်မကြားပြတ်ရှဒဏ်ရာ
(၁)ချက်၊ ယာလက် ဖနောင့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ လည်ပင်းရှေ့ဘက်ပြတ်ရှဒဏ်ရာ
(၁)ချက် ရရှိခဲ့ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် နေသော တရားခံ
မောင်အောင်ကျော် အား လိုက်လံဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
MOI Webportal Myanmar
No comments:
Post a Comment