၉.၃.၂၀၁၄ ရက်နေ့ ၁၄၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး
ကျေးရွာအနီး မြို့နယ်စီမံကိန်းရုံးဝင်းအတွင်းရှိ မြက်ခြောက်ပင်များအား
ရှင်းလင်းရန် ခရိုင်စီမံကိန်းရုံး ၀န်ထမ်းဦးဝေယံမှ သင်္ဃန်းကျွန်းကြီး
ကျေးရွာနေ ကျော်ဦး(၃၁)နှစ်၊(ဘ)ဦးအေးလွင်နှင့် ဆန်းမင်းထွန်း(၃၅)နှစ်
တို့(၂)ဦးအား ငွေကျပ်(၁၅၀၀၀၀)ဖြင့် ပုတ်ပြတ်ငှားရမ်းခိုင်းစေခဲ့ရာ
၎င်းတို့(၂)ဦးမှ မြက်ခြောက်များကိုမီးရှို့ရှင်းလင်းစဉ် မီးများလာသဖြင့်
မင်္ဂလာဒုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့်အဖွဲ့မှရောက်ရှိ
ငြှိမ်းသတ်ခဲ့၍ ၁၆၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အခင်းဖြစ်နေရာအား ကြည့်ရှုစစ်ဆေးရာ ဆန်းမင်းထွန်းမှာ မီးလောင်
ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ခြေထောက်အောက်တွင် မြွေပွေး(၁)ကောင်
သေဆုံးနေသည်ကိုလည်း တွေ့ရှိရပါသည်။
ယင်းကဲ့သို့ မြက်ခြောက်များကို ပေါ့ဆစွာ မီးရှိုခဲ့ကြသော ကျော်ဦးနှင့်
ဆန်းမင်းထွန်း(သေဆုံး)တို့အား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment