19 March 2014

ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်လိုလျှင် ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်တွင် နေချင်လျှင် ဒီမိုကရေစီ၏အခြေခံသဘောတရားကို နားလည်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည် ကို အုပ်ချုပ်လိုလျှင်ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်တွင် နေချင် လျှင်ဒီမိုကရေစီ ၏အခြေခံသဘောတရားကိုနားလည်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ကော့မူးမြို့နယ်နှင့်ကွမ်းခြံကုန်းမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လွှတ်တော်ရပ်နားစဉ်တွေ့ဆုံခိုက်တွင် ၄င်းကထို့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခြေခံသဘောတရားကရှင်းရှင်းလေးပဲလူတိုင်းလူတိုင်းဟာ ကိုယ့်သဘောနဲ့ကိုယ်ရှိပြီးတစ်သဘောတည်းမဟုတ်ဘူး တစ်သဘောတည်းမဟုတ်တဲ့ အထဲကကို အဆင်ပြေအောင်လို့နေနိုင်ရမယ် ။အဆင်ပြေအောင်လို့တစ်ယောက်နဲ့တစ်ယောက်ညှိုနှိုင်းနိုင်ရမယ်”ဟု၎င်းကထပ်မံ၍ ဒီမိုကရေစီသဘောကိုရှင်းပြသည်။ဒီမိုကရေစီစနစ်တွင် ကိုယ့်စည်းကိုယ်မစောင့်ထိန်းနိုင်ပါက ဒီမိုကရေစီမရပ်တည်နိုင်ကြောင်း အာဏရှင်စနစ်နှင့် ဒီမိုကရေစီစနစ်၏ အဓိကအခြေခံကွာဟချက်သည် ပြည်သူလူထုကနေ၍ ရွေးချယ်တင်မြှောက်တဲ့အစိုးရ စစ်မှန်တဲ့ရွေးချယ်တင်မြှောက်သည့် အစိုးရသာဖြစ်ရမည်ဖြစ်သည်ဟုကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကထပ်မံဆိုသည်။

“တာဝန်ယူမှုရှိရမယ် တာဝန်ယူမှု ဆိုတာနှစ်ဖက်စလုံးမှာရှိရမယ် အဲတော့နှစ်ဖက်စလုံးမှာရှိရင် ကိုယ်ရွေးချယ်ပိုင်ခွင့်အရ ရွေးချယ်နိုင်ခွင့်ရှိသလို ကိုယ့်မှာလည်းတာဝန်ရှိတယ်ဆိုတာသိရမယ်”ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment