14 March 2014

ရခိုင်၌ အချိန်မရွေး ပဋိပက္ခ ထပ်မံဖြစ်ပွားနိုင်

အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါက်တာကျော်ရင်လှိုင် ရှင်းလင်းနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသတွင် အချိန်မရွေး ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်
ကြောင်း ဒုချီးရားတန်း ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးသာပွင့်က မြန်မာတိုင်း(မ်)
ကို ပြောသည်။

"လက်ရှိအခြေအနေက အားဆွဲထားတဲ့ သရေကွင်းလိုပါပဲ။ အချိန်မရွေး ပြဿနာဖြစ် နိုင်တယ်။
ငြိမ်နေတယ်ဆိုတာက ပြေလည်သွားလို့ ငြိမ်နေတာမျိုးမဟုတ်ဘူး။ တစ်ဖက်နဲ့ တစ်ဖက်
မယုံကြည်မှုတွေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေပါ"ဟု စစ်တွေမြို့မိမြို့ဖလည်း ဖြစ်သူ ဦးသာပွင့်က
ဆိုသည်။

လက်ရှိအခြေအနေအရ လုံခြုံရေး ရဲဝန်ထမ်းများနှင့် ဒေသခံ ဘင်္ဂါလီ ရိုဟင်ဂျာရွာသားများ အကြား
ယုံကြည်မှု ပျောက်ဆုံးနေပြီး တရား ဥပဒေစိုးမိုးမှုနှင့် လုံခြုံမှု လုံးဝမရှိသော နယ်မြေ တစ်ခုဖြစ်နေ
ကြောင်း ကော်မရှင်က သုံးသပ်ထားသည်။

တရားဥပဒေ စိုးမိုးရေးအတွက် အရည်အချင်းရှိသော အစိုးရ၀န်ထမ်းများကို လစာ၊ ရာထူး
ထိုက်ထိုက်တန်တန်ပေးပြီး ပို့ဆောင်ရန် လိုအပ်နေကြောင်း ကော်မရှင်က အစိုးရသို့ တိုက်တွန်း
ပြောကြားလိုက်သည်။

"ဟိုမှာရှိတဲ့ လူတွေက မွတ်စလင်မကလို့ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် အားလုံးက လူသား
တွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ဟာ လူ့အခွင့်အရေးနဲ့ ထိုက်တန်တဲ့အတွက် လူ့အခွင့်အရေးက
အစ ဥပဒေနဲ့အညီ လေးလေးစားစားလုပ်တတ်တဲ့ ၀န်ထမ်းမျိုးကို လွှတ်သင့်တယ်"ဟု ကော်မရှင်
အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။

ထို့ပြင် အစိုးရသည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ နိုင်ငံသားဖြစ်ထိုက်သူများကို
နိုင်ငံသားဖြစ်ခွင့်ပေးခြင်းဖြင့်လည်း အစိုးရအပေါ် ဒေသခံများ၏ ယုံကြည်မှုတည်ဆောက်ပေးနိုင်
ကြောင်းနှင့် ပြဿနာများထပ်မံမဖြစ်ပွား စေရန်ကာကွယ်နိုင်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အချို့သော နိုင်ငံတကာ INGO အဖွဲ့အစည်းများကြောင့် ဒေသတွင်း
အခြေအနေကို ပိုမိုတင်းမာစေသဖြင့် စည်းကမ်း ချိုးဖောက်သော အဖွဲ့အစည်းများကို ထိရောက်စွာ
ဖော်ထုတ်အရေးယူရန် ပြင်ဆင်ထားသင့်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဒုချီးရားတန်း ပဋိပက္ခနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်သည် နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ ထိရောက်စွာ ကိုင်တွယ် လုပ်ဆောင်နိုင်ခြင်း
မရှိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က
ပြောကြားခဲ့ဖူးသည်။

Myanmar Times

No comments:

Post a Comment