၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊
သစ်ရာကောက်- ကိုးပင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၄-၅)ကြား၊
လက်ပံရွာသစ်ရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ
မိကျောင်းရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မကွေးမြို့နယ်၊ သပွတ်ကျောရွာနေ စိုးတင့်(၃၅)နှစ်မောင်းနှင်သော
၉ဌ/xxxxဖော အပြာရောင်ယာဉ်သည် ခရီးသည်နှင့်ကုန်စုံများတင်ဆောင်၍
မကွေးမြို့မှသပွတ်ကျောရွာသို့မောင်းနှင် လာစဉ် အရှိန်မထိန်းနိုင်ဘဲ
လမ်း၏ယာဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက်
မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက်
သပွတ်ကျောရွာနေသူများဖြစ်သည့် ဒေါ်စန်းဝင်း(၄၀)နှစ်၊ ဒေါ်တင်ရင်(၄၅)နှစ်၊
မသင်းသင်းလှ(၃၇)နှစ်နှင့် မစိန်စိန်နု(၃၈)နှစ်တို့ ၄ ဦးမှာ
သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း စိုးတင့် ပါ(၁၄)ဦးတွင်
ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးတင့်အား
မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment