ကနေဒါ နိုင်ငံ၊ မွန်ရီရယ် မြို့မှာရှိတဲ့ ဘတ်စ်ကား မှတ်တိုင် တစ်ခုဟာ
နောက်ဆုံး ပေါ် နည်းပညာ တွေ နဲ့ ပြုလုပ် ထားလို့ စိတ်ဝင် စားစရာ ဖြစ်
ခဲ့ပါတယ်။ ဒီဘတ်စ်ကား မှတ်တိုင် ကို စွမ်းအင် ပစ္စည်း တွေ ထုတ်လုပ် တဲ့
Duracell ကုမ္ပဏီက ကြော်ငြာသဘောနဲ့ ပြုလုပ်ပေး ထားခြင်းဖြစ်ပါတယ်။ ရာသီဥတု
အေးလွန်း တဲ့ အခါ မျိုးမှာ ဒီဘတ်စ်ကားမှတ်တိုင်ထဲဝင် ရပ်ရုံနဲ့ နွေးထွေးတဲ့
ခံစားမှုကို ရရှိအောင် ပြု လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘတ်စ်
ကားမှတ်တိုင် မျက်နှာကြက်မှာ တပ်ဆင်တဲ့ အပူလွှင့် ကိရိယာ အလုပ်လုပ်ဖို့
အနည်းဆုံး လူနှစ် ဦး ရှိဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ ဘတ်စ်
ကားမှတ်တိုင်အောက်မှာ ရပ်နေတဲ့ လူနှစ်ဦး ဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင်
ရင်း ဘေးနံရံမှာ ကပ်ထားတဲ့ အမှတ်အသား ကို လက်ဖ၀ါး နဲ့ အုပ်လိုက်ရင်
မျက်နှာကျပ်က နေ အပူငွေ့တွေထွက်လာမှာ ဖြစ်ပြီး နွေးထွေး မှုကို ရရှိစေမှာ
ဖြစ်ပါတယ်။ Duracell ဟာ သူ့ရဲ့ ထူးခြားလှတဲ့ ဘတ်စ်ကားမှတ်တိုင် အကြောင်းကို
You Tube ၀က်ဘ်ဆိုက်မှာ ထုတ်လွှင့်ပြသခဲ့ရာ လူ ကြိုက်များခဲ့တယ်လို့
သိရပါတယ်။ ဒီဘတ်စ် ကားမှတ်တိုင်ဟာ အေးချမ်းတဲ့ ရာသီဥတုမှာ
နွေးထွေးမှုရရှိရုံ သာမက လူအချင်းချင်း ရင်းနှီးမှုကိုပါ ရရှိစေ တယ်လို့
သိရပါတယ်။
Messenger News Journal
No comments:
Post a Comment