15 March 2014

တရုတ်နိုင်ငံ ချန်ရှားမြို့ တွင် ဈေးသည်များ ရန်ဖြစ်ရာ မှ ဓားခုတ်မှုကြောင့် (၆)ဦး သေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်း ချန်ရှားမြို့ ဈေးအတွင်း သောကြာနေ့က ဈေးသည် ချင်း ရန်ဖြစ်ကြ ရာမှ ဓား များ ဖြင့် အပြန်အလှန် ခုတ်မှု ဖြစ်ပွား ကာ ခြောက်ဦး သေဆုံး သွား ကြောင်း သိရသည်။

ဈေးသည်ချင်း စကား များရာမှ စတင် ကာ ဓားခုတ်မှု ဖြစ် ပွားခဲ့ကာ ဈေးသည် တစ်ဦး နှင့် ဈေးလာသူ လေးဦး သေဆုံးသွားသည်။ အထက်ပါ ငါးဦးကို ဓားဖြင့်ခုတ်သတ်သော ဈေးသည်ကို ရဲက အသေပစ် ခတ် ဖမ်း ဆီးခဲ့ရ သည်။ ချန်ရှားသည် ဟူနန်ပြည်နယ်မြို့တော် ဖြစ် သည်။ မတ်လ ၁ ရက်နေ့က လည်း ယူနန် ပြည် နယ် ကူ မင်းမြို့ ဘူတာရုံတွင် အကြမ်းဖက် သူ များက ဓားများဖြင့် ၀င်ခုတ်မှုဖြစ်ပွားပြီး ၂၉ဦးသေဆုံးကာ ၁၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။


ချန်ရှားမှာ ဖြစ်တဲ့ကိစ္စက အကြမ်း ဖက်တိုက်ခိုက်မှု မဟုတ်ပါဘူး။ ဈေးသည် ချင်း ရန်ဖြစ်ကြရာက ဖြစ် တဲ့ ကိစ္စပါ ဟု ချန်ရှားမြို့ ရဲတပ်ဖွဲ့မှ အမည်မဖော်သော တာဝန်ရှိသူတစ်ဦးက ပြောသည်။ အခင်းဖြစ် ပွားပုံ အ သေး စိတ်ကို ချန်ရှား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိသည်။ Source: BBC

Messenger News Journal

No comments:

Post a Comment