ကရင်ပြည်နယ်၊
ဘားအံမြို့ အမှတ် (၂) ရပ်ကွက်၊ရန်အောင် မြေ ၂ လမ်း အတွင်း ၂၀၁၄ မတ် လ ၅
ရက်နံနက် ၆ နာရီခန့်အချိန် မိမိဇနီးကို ဓားဖြင့်ထိုးပြီး
မသေမချင်းသတ်ဖြတ်ထွက်ပြေး
တိမ်း ရှောင်သွားသူကိုပြည်နယ်ရဲတပ် ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မတ်လ
၅ ရက် နံနက် ၈ နာရီအချိန်အခင်းဖြစ်ပွားသည့်အိမ်ရှိမဇာဇာခိုင်သည် အိမ်သန့်
ရှင်းရေးပြုလုပ်နေစဉ်အစ်မ (အရင်း) ဖြစ်သူ
မချောချောခက်အိပ်သည့်အိပ်ခန်းတံခါး
ပွင့်နေ၍ဖွင့်ကြည့်ရာအစ်ဖြစ်သူမှာ
ခုတင် ပေါ်တွင်မှောက်လျက်သွေးထွက် ဒဏ်ရာများဖြင့်
သေဆုံးနေပြီးအစ်မဖြစ်သူ၏ ရွှေလက်ကောက် (၁) ကွင်း၊ ရွှေဆွဲကြိုး(၁) ကျပ်
သားတစ်ကုံး၊ စိန်လော့ကက်သီး တစ်ခု၊ စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသား (၃)
သိန်းခန့်ပါပျောက် ဆုံးနေကြောင်း ဘားအံမြို့မရဲစခန်း
သို့တိုင်ကြားခဲ့သည်ဟုဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်း အကူဌာနစု၊ ဒုရဲမှူးအောင်ထူး၊
ဒုရဲအုပ်ဘရှိန်၊ ရဲအရာခံစိန်မင်း၊
တကကသန်းလှိုင်ဝင်းတို့သွားရောက်စစ်ဆေးခဲ့ရာ မချောချော ခက် (၃၅)
နှစ်ကိုသတ်ပြီး ပစ္စည်းများယူဆောင်ထွက်ပြေးသွား သူမှာ
သေဆုံးသူ၏ခင်ပွန်းအောင် ကျော်ကျော်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး နံနက် ၉
နာရီအချိန်တွင် ၎င်းကိုင်ဆောင်သည့်လက်ကိုင်ဖုန်း ဖြင့်ခယ်မဖြစ်
သူမဇာဇာခိုင်ထံဆက် သွယ်လာကြောင်း သိရသည်။
တယ်လီဖုန်းဆက်သွယ်မှုအရ
အောင်ကျော်ကျော်ရောက်ရှိနေ သည့်တည်နေရာကိုနည်းပညာဖြင့် သိရှိရပြီး
ဒုရဲမှူးအောင်ထူးဦးစီးအဖွဲ့ သည်ဘားအံမြို့မရဲစခန်းမှတကက အောင်ဌေးဦးစီး
အဖွဲ့နှင့် ပေါင်းကာ မော်လမြိုင်သို့လိုက်ခဲ့ကြသည်။
မော်လမြိုင်သို့ရောက်ရှိပြီး
ဇေယျာသီရိနယ်မြေရဲစခန်းနှင့် ထပ်မံပူးပေါင်းကာအောင်ကျော် ကျော်ကို
စုံစမ်းရှာဖွေစဉ်မတ်လ ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်
အချိန်မော်လမြိုင်မြို့နယ်၊ ကော့ပေါက်ကျေးရွာ
သို့ရောက်ရှိ
ပြီး ၎င်းင်း၏ဦးလေးတော်စပ်သူ ဦးအောင်ပွင့်နေအိမ်အိပ်ခန်း အတွင်း၌
အောင်ကျော်ကျော် (၂၉) နှစ်၊ (ဘ) ဦးမြအောင်ကို ဖမ်းဆီးရမိကြောင်း သိရသည်။
အောင်ကျော်ကျော်ကို
၎င်းနေထိုင်ရာမော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၂) ၅ လမ်း၊ အမှတ်
၁၆၂၉ နေ အိမ်သို့ခေါ်ဆောင်ရောက်ရှိလာ ပြီး သေဆုံးသူထံမှယူခဲ့သည့် လက်ကောက်၊
လော့ကက်သီး၊ ရွှေလက်စွပ်တို့ကို အိမ်သာရေအိုး အတွင်းမှလည်းကောင်း၊ ရွှေဆွဲ
ကြိုးကိုဘုရားသောက်တော်ရေအိုး အောက်မှလည်းကောင်း ငွေ ၁၈၀၀၀၀ ကျပ်ကို
အိပ်ခန်းတံခါး ဘောင်ပေါ်မှလည်းကောင်းရှာဖွေ တွေ့ရှိရာ
ရှာဖွေပုံစံဖြင့်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
မတ်လ ၆ ရက် နံနက် ၅
နာရီတွင် အောင်ကျော်ကျော်ကို ဘားအံသို့ပြန်လည်ခေါ်ဆောင် ကာ
သက်သေခံပစ္စည်းများစစ် ဆေးစဉ်အမှတ် (၂) ရပ်ကွက်အခင်း
ဖြစ်အိမ်ရှေ့အုတ်တံတိုင်းကြား
မှ
သွေးစွန်းစွပ်ကြယ်တစ်ထည်နှင့် ပြစ်မှုကျူးလွန်ခဲ့သည့်သက်သေ ခံဓားကို
တွေ့ရှိသိမ်းဆည်းခဲ့ကြ သည်။ ယင်းနောက်အောင်ကျော် ကျော် (၂၉) နှစ် (ဘ)
ဦးမြအောင် ကို ဘားအံမြို့မရဲစခန်း (ပ) ၄၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/ ၃၉၄ ဖြင့်
အမှုကိုလက်ခံစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ သည်။
ပွင့်ဆန်း(ပုပ္ပား)
Hot News
No comments:
Post a Comment