မိတ်္ထီလာ
မြို့၊ ကားကြီးဝင်း တွင် မတ်လ (၈) ရက်နေ့၊ ညနေ (၆း၃၀) အချိန် က
တောင်ကြီး မြို့မှ မိတ်္ထီလာ မြို့သို့ ယာဉ်မောင်း ဦးကျော်ရွှေ မောင်း နှင်
လာသော “မင်းရာဇာ” ခရီးသည် တင် ဟိုင်းလတ် အဖြူ ရောင်၊ ယာဉ် အမှတ် ၂က/၉၉၈၀
ကား သည် မိတ်္ထီလာ မြို့ ဂိတ်ဆုံး သို့ရောက် ၍ ခရီးသည် များ ဆင်းသွား ရာ
ကားခေါင်မိုး ပေါ်တွင် ပိုင်ရှင်မဲ့ ခရီးသွား အိတ် တစ်အိတ် နှင့်
အဖြူရောင် ဆာလာ အိတ် ဖြင့် ထုတ်လျက် အ ထုပ် ကြီးတစ်ထုပ် ကျန်ခဲ့၍
ယာဉ်မောင်းမှ ယာဉ်လုပ်ငန်းကြီးများ ကြီး ကြပ်မှု ကော်မတီ သို့ သတင်းပေး
ပို့ခဲ့ သည်။ ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် အမှတ် (၂)ရဲစခန်းသို့
သတင်းပေးပို့သဖြင့် စခန်းမှူး ရဲအုပ် မြင့်သန်းနှင့်အဖွဲ့ သွားရောက်
စစ်ဆေးခဲ့သည်။
စခန်း မှူး ရဲအုပ်မြင့်သန်း နှင့်
အဖွဲ့သည် အသိသက်သေ များရှေ့တွင် အထုပ်နှစ်ထုပ် အား စစ်ဆေးရာ အ၀တ် အစား
ထည့်သည့် အိတ်မှာ သော့ခတ်ထားခြင်း မရှိ သဖြင့် ဇစ် အား ဖွင့်ကြည့်ရာ
အတွင်း၌ ဂွမ်းစောင် ဖြင့် ရစ် ပတ်ထုပ်ပိုးလျက် အိတ်အ၀ါဖြင့် ထုပ်ပိုးထား
သည့် ဘိန်းစိမ်း ဟုယူဆရသော ပစ္စည်းခြောက် ထုပ်အား တွေ့ရသည်။
ထို့အပြင်
ဆာလာအိတ် အတွင်းထည့်လျက် အ၀တ်အစားထည့်သည့် အိတ်မှာ လည်း သော့ခတ် ထား
ခြင်းမရှိသဖြင့် ဇစ်အား ဖွင့်လှစ် စစ်ဆေးရာ ဂွမ်းစောင်ဖြင့် ပတ်လျက်
ဘိန်းမည်းဟု ယူဆရသော စိမ်းရွှေ ရွှေအနံ့ ရှိသည့် တစ်ထုပ် လျှင် (၁ ဒသမ ၅)
ကီလို ဂရမ်ခန့်ပါ အထုပ်ကြီး ခြောက်ထုပ်၊ စုစုပေါင်း အထုပ်ကြီး (၁၂) ထုပ်
နှင့် (၀ ဒသမ ၂) ကီလိုဂရမ်ပါ အထုပ်ငယ် တစ်ထုပ်၊ စုစု ပေါင်း အလေးချိန်
(၁၈ ဒသမ ၂) ကီလို ဂရမ် ခန့် အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိ ခဲ့သည်။ ဘိန်း
အလေးချိန် (၁၈ ဒသမ ၂) ဂရမ် မှာ ကာလ ပေါက်ဈေး ကျပ် (၂၁၆) သိန်း
ကျော်တန်ဖိုး ရှိကြောင်းနှင့် မိတ်္ထီလာအမှတ် (၂)ရဲစခန်း၊
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှု ဖွင့် ထား ပြီး ပိုင်ရှင်ကို
ဆက်လက်စုံစမ်းနေကြောင်း သိ ရသည်။
The Messenger
No comments:
Post a Comment