04 March 2014

ရုပ်သံလိုင်းပေါ်က ဟာသတစ်ခန်းရပ် အစီအစဉ်များ

ဦးဝင်းနိုင်(အနုပညာ)   
” လူရွှင်တော်တွေအနေနဲ့ တော့ အကျိုးရှိတာပေါ့ဗျာ။ ဘာတွေအကျိုးရှိသလဲဆိုရင် အလုပ်ကလေးတွေ  အဆက် မပြတ်လုပ်ခွင့်ရတဲ့အတွက် သူ တို့အတွက် အကျိုးရှိ တယ်။ ပရိသတ်တွေအတွက်ကလည်းပဲ အပြင်မှာ လိုက်ကြည့်နေစရာ မလိုဘဲနဲ့ အိမ်မှာတင်ဖျော်ဖြေ ရေးတစ်ခုအနေနဲ့ ကြည့်ခွင့်ရတဲ့အတွက် ပရိသတ်တွေ အနေနဲ့ ကျေ နပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ရှေ့ပိုင်းကလုပ်ပြီးသွားတဲ့ ဥစ္စာတွေကိုပြန်ကြည့်ပြီးတော့ မတူ အောင်လို့ ညှိနှိုင်းတိုင်ပင်ပြီး တော့ လုပ်ကြတဲ့ သဘော ပါပဲ။ ကြာလာတော့လည်း တစ်ဦး တစ်ယောက်ရဲ့ခေါင်းနဲ့ကမရ လောက်တော့ဘူးလေ။ အားလုံး ပူးပေါင်းတိုင်ပင်ပြီးတော့ လုပ်ကြရတဲ့သဘောမျိုးတွေ ရှိပါတယ်။
နောက်ပြီးတော့ ခေတ်ကလည်း တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့အရာ လေးတွေလည်းရှိပါတယ်။ အဲဒီအတွက်ကြောင့် ဒါလေးတွေကို အခြေခံပြီးတော့ လုပ်ကြရတာ လေးတွေရှိပါတယ်။ MRTV-4 For Comedy  က နေပြီးတော့ ကျွန်တော်ကိုယ်ပိုင်ထွင်ထားတဲ့ ” ကမ်းဆင့်ရွှင်ပျော်လူရွှင်တော်”  ဆိုပြီးတော့ လူရွှင်တော် ဝါ သနာပါတဲ့ကလေးတွေကို လူရွှင်တော်ဝါရင့်ပုဂ္ဂိုလ်တွေက သင်ပေးတဲ့ အစီအစဉ်တစ်ခုရယ်၊
ဟာသကွက်စိပ်ဆိုတဲ့ အစီအစဉ်တစ်ခုရယ် ကျွန်တော် လုပ်ထား ပါ တယ်။ နောက်တစ်ခုက “ဂလု” ဆိုတဲ့တစ်ခန်းရပ်ဟာသပြဇာတ်လေး လုပ်ထားပါတယ်။ ” ကမ်းဆင့်ရွှင်ပျော် လူရွှင်တော်” မှာ ကတော့ လူရွှင်တော် ဝါသနာပါတဲ့ လူငယ်ေ လးတွေကို ရယ်စရာ လုပ်ခိုင်းထားသလို သင်ပေးတဲ့ ဝါရင့်လူရွှင်တော်ကြီးတွေကလည်း ရှေးရိုးပြက်လုံး တွေကို ပုံစံမှန်မှန်နဲ့ စည်းနဲ့ ကမ်းနဲ့ ပြက်ပြတဲ့ပုံစံလေးတွေ ထည့် ထားတဲ့အတွက် တစ်မျိုးရယ်ရတာပေါ့။
ကွက်စိပ်မှာ ကျတော့ရာဇဝင်ထဲက အကြောင်းအရာတွေကို ခေတ်စကားလုံးနဲ့ သုံးပြီးတာ့ ရယ်စရာလေးတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဂလုကတော့ ဂလုဆိုတဲ့ ဥစ္စာက လက်ဖက်ရည်ဆိုင်နာမည်ပေါ့။ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်လေးမှာ ဖြစ်ပျက်လေ့ရှိတဲ့ ရပ်ကွက်ထဲကအကြောင်းအရာ တွေကို စုပေါင်းပြီးတော့ ဒီ လက်ဖက် ရည်ဆိုင်မှာ ကြုံတွေ့ သမျှ ရယ်စရာအနေနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်”
ခင်လှိုင်
Love Media က ကျွန် တော့်ကိုငှားတယ်။ ကျွန်တော့်ကို ငှားတော့ ပါရတာပေါ့။ နောက်ပိုင်းကျတော့ ကျွန်တော်က ပြဇာတ်တွေကို တစ်ပတ်နဲ့ တစ်ပတ်မ တူအော င်ကြည့်ပေးရတယ်။ ရေးတာကတော့ ကိုပြာလောင်ရေးတယ်။ တခြားလူ ရွှင်တော်တွေအများကြီးလည်း ရေးကြပါတယ်။ စာမူခ သုံးသောင်းပေးတယ်။ တစ်ပတ်နဲ့ တစ် ပတ်မတူအောင်တော့ အားလုံးဝိုင်းကြည့်ရတာပေါ့။ အကျိုးသက်ရောက်မှုတွေက ဘာလဲဆိုတော့ တချို့လူမသိသေးတဲ့ လူ ရွှင်တော်တွေဆို ဒီအစီအစဉ် ကို ကြည့် လိုက် တဲ့အခါ လူသိသွားမယ်။ ကျွန်တော်တို့က လူရွှင်တော်တွေကို ပြောင်းပြောင်း ပြီးခေါ်တယ်။ အားလုံးပါလို့ ရအောင်ပေါ့။ အပတ်စဉ် သူတို့ ဝင်ငွေရကြပါ တယ်။ နောက်ပြီးေ တာ့  ပရိသတ်တွေအနေနဲ့လည်း ဒီအစီအစဉ်လေးက စောင့်ကြည့်ရတဲ့ အစီအစဉ်တစ်ခု ဖြစ်လာတယ်။ ပရိသတ်တွေရင်ထဲ ရောက် လာခဲ့တယ်။ ဟာ သကမ္ဘာကို ကျွန်တော်တို့ တွေလည်းစောင့်ကြည့်ကြတယ်။ အဲဒီလိုခြေလှမ်းလေးကို မပျက်စီးသွားရအောင် ကျွန်တော်တို့ က ကွာလတီကို ထိန်းရတာပေါ့။
အားစိုက်မှုတွေကတော့ အများကြီးပဲ။ ဇာတ်လမ်းစရွေးကတည်းက အားစိုက်ရပါတယ်။ တချို့ ဇာတ်လမ်းတွေဆို  ရေးပြီးပို့ လိုက်တယ်။ ဒါပေမဲ့ ဖရိန်ပဲပါတယ်။ စာတွေေ ချာရတယ်။ ပြီးတော့ တစ်ပတ်နဲ့တစ်ပတ် ပြက်လုံးလေးတွေလည်း မတူအောင် ဇာတ်လမ်းလေးတွေလည်းမတူ အောင် လုပ်ရတယ်။ ပြီးတော့ Love Media ကလည်း အင်မတန်မှလူရွှင်တော်တွေကို ချစ်ပါတယ်။ ကိုယ်လုပ်ချင်တာမှန်သမျှကိုလုပ်ပိုင်ခွင့်ရအောင် စီစဉ်ပေးပါတယ်။ ဥပမာ ဆက်တင်ပေါ့။ နတ်အဝတ်အစားတွေဆို နတ်အဝ တ်အစားတွေငှား၊ နောက်က Background တွေကအစ မတူအောင်ပြောင်း၊ ဟာသကမ္ဘာဆိုတဲ့ လိုဂိုနဲ့ ဆက်တင်ကြီး တစ်ခုလုံးကိုလည်း မတူအောင် အမြဲတမ်းပြောင်းလဲ၊ အဲဒီလိုမျိုး တအားပံ့ပိုးပေးတဲ့အတွက်လည်း ကျွန်တော်တို့ ဒီအစီအစဉ်က အောင်မြင်တာပါ။ လူရွှင်တော်တွေဘက်က တော့ ချပေးတဲ့ပြက်လုံးကို လိုက်နာကြတယ်။ သူတို့တွေအကုန်လုံး ကျွန်တော်ပြောတဲ့အတိုင်းလိုက် လုပ်ကြတယ်။ အဲဒီအတွက် ဒီအစီအစဉ်ကရယ်ရတယ်။ တစ်ခါတလေ ကျရင်လည်း သူတို့ဆီက အကြံ ဥာဏ်တွေ ကိုယူတယ်။ အားလုံးခေါင်းနဲ့ စုပြီးလုပ်ကြတာပါ”
ဒိန်းဒေါင်
” လူရွှင်တော်တွေကို ထမင်းအိုးတည်ပေးတာ ကောင်းတာပေါ့ဗျာ။ လူရွှင်တော်တွေ အရင်တုန်းကဆို အလုပ်ရှားတယ်။ အခုကျတော့ အလုပ်မရှားတော့ဘူး။ လူရွှင်ေ တ်ာတွေကို ထမင်းအိုးတည်ပေးတဲ့အတွက် ကျွန်တော်တို့က သိပ်ကျေးဇူးတင်ပါတယ်။ ဟာသနဲ့ပတ်သက်လို့ကတော့ ဘာခိုင်းခိုင်းကျွန်တော်က လုပ်သွားမှာပါ။ လူရွှင်ေ တ်ာတွေ ပရိသတ်နဲ့ထိတွေ့ဖို့၊ ပရိသတ်ကို ကိုယ်တတ်တဲ့ပညာတွေနဲ့ ဖျော်ဖြေဖို့အခွင့်အလမ်းရောက်ရှိလာတဲ့ခေတ်ကြီး ရောက်နေပါပြီ။ကြိုးစားကြပါ”

မျိုးမောင်/popularmyanmar

No comments:

Post a Comment