19 March 2014

အမေရိကန်ကို “ပြာမှုန့်” ဖြစ်အောင် ရုရှလုပ်နိုင်ဟု နိုင်ငံပိုင်ရုပ်သံ ဆို

photo-internet

အေအက်ဖ်ပီ

ကရိုင်းမီးယားဒေသနှင့် သက်ဆိုင်သော တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း၌ ရုရှနိုင်ငံပိုင် ရုပ်သံဌာနမှ အမေရိကန်နိုင်ငံကို “ပြာအဖြစ် ပြောင်းလဲသွားစေရန် ရုရှနိုင်ငံသာလျှင် ပြုလုပ်နိုင် သည်” ဟု ရုရှရုပ်သံမှ မတ်လ ၁၆ ရက်က ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“အမေရိကန်နိုင်ငံကို ရေဒီယိုသတ္ထုကြွ ပြာမှုန်ဖြစ်သွားအောင် အမှန်တကယ် ပြုလုပ်နိုင်တဲ့ နိုင်ငံဟာ ဒီကမ္ဘာ ပေါ်မှာ ရုရှ တစ်နိုင်ငံတည်းပဲ ရှိပါသေးတယ်” ဟု ရုပ်သံကြေညာသူ ဒီမီထရီကစ်(စ်)လုပ်က နိုင်ငံပိုင်ရုပ်သံ Rossiya 1 ၏ အပတ်စဉ်ကဏ္ဍတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းအကျပ်အတည်း ပေါ်ပေါက်နေချိန်၌ သမ္မတဗလာဒီမာပူတင် ဦးဆောင်သည့် ရုရှနိုင်ငံအား အမေရိ ကန် ပြည်ထောင်စုနှင့် သမ္မတအိုဘားမားတို့မှ ကြောက်ရွံ့ ထိတ်လန့်နေရသည် ဟူသော ၎င်း၏ အဆိုကို အထောက်အကူဖြစ်စေရန်အတွက် ကစ်(စ်)လုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
Mizzima Burmese

No comments:

Post a Comment