ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ကျပ်သိန်း
၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ပြား ဖမ်းဆီးရမိခဲ့သည်ဟု
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်လိုက်
သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက်က နောင်ချိုမှ မူးယစ်တပ်ဖွဲ့စု (၂၄)မှ
တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ အ၀င် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှ မန္တလေးသို့
ယာဉ်မောင်း မင်းဇော်မောင်းနှင်လာသည့် ၆ဃ/---- ဏသတနမ-၅ ခရီးသည်တင်
မှန်လုံယာဉ် အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။
ထို့နောက် ခုံအမှတ်(၂၇)တွင် စီးနင်းလိုက်ပါလာသူ ကချင်ပြည်နယ်၊
မိုးညင်းမြို့နယ်၊ ဟိုပင်ကျေးရွာနေ မဟွေလင့် (၃၉) နှစ်၊ ခုံအမှတ်(၂၈)တွင်
စီးနင်းလိုက်ပါလာ သူမအေးယိမ်းတို့ နှစ်ဦးသယ်ဆောင်လာ သည့် ဆာလာအိတ်အတွင်း
ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၁၂၀ ထုပ် စုစုပေါင်း၂၄,၀၀၀ပြား
တန်ဖိုးငွေကျပ်သိန်း ၄၈၀ တန်ဖိုးကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိထားသူနှစ်ဦးကို
နောင်ချိုမြို့မရဲစခန်း မယ(ပ)၁၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ
အရေးယူထားသည်။
Mizzima Burmese
No comments:
Post a Comment