21 February 2014

နိုင်ငံ ရေး အတွက် လက်တွဲ လုပ်ဆောင် ကြ ရမည့် အချိန် တွင် ပြက်လုံး များသာ ပြောဆို နေကြ ကြောင်း ဟံသာဝတီ ဦးဝင်းတင် ဝေဖန်

ဒေါ်အောင် ဆန်းစုကြည် ကို မြက် တစ်ပင် တောင် မစိုက်ဖူး   သူဟု  ပြောဆို ခဲ့မှု နှင့် ပတ်သက်၍ မြန်မာ နိုင် ငံ အနာဂတ် အတွက် လက်တွဲ ပူးပေါင်း အလုပ်လုပ် ကြ ရမည့် အချိန်   တွင် နိုင်ငံ  ရေး ပျက်လုံး များ သာ အများဆုံး ပြောဆို နေကြ ကြောင်း မန္တလေး ၁၃၀၀ ပြည့် အရေး တော်ပုံ အခမ်း အနား တွင် အမျိုးသား ဒီမို က ရေစီ အဖွဲ့ ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင် က ဝေဖန် ပြောဆို လိုက် သည်။  ဗိုလ်ချုပ် အောင်ဆန်း ကို ချစ် သော် လည်း ဒေါ်အောင် ဆန်းစုကြည် ကိုတော့ မဲပေး ဖို့မလို ကြောင်း၊   ဒေါ်အောင်ဆန်း စုကြည် သည် မြန်မာ နိုင်ငံ အတွက် မြက်တစ်ပင် တောင် စိုက်ခဲ့ သူမ ဟုတ် ကြောင်း စသည် ဖြင့်  ပြည်ထောင်စု  ကြံ့ခိုင် ရေးနှင့် ဖွံ့  ဖြိုးရေး ပါတီ ဒု ဥက္ကဌ သူရ ဦးအေးမြင့် ၏ ပြောဆို မှုနှင့် ပတ်သက် ၍ ယင်း ကဲ့သို့ ဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ် သည်။  သူတို့ ဒီ စကား တွေ  မပြော ခင် ကျွန် တော်  စကားဦး များ  သန်းမိ သလား တောင် မသိ ပါဘူး။ နိုင်ငံ ရေး ပြက်လုံး တွေ အများကြီး ပြောနေ ကြ တယ်လို့။ နိုင်ငံရေး  ပြက်လုံး  တွေ လုပ်ဖို့ ထက် အလုပ် လုပ်ဖို့ စဉ်း စား ကြဖို့၊ လက် တွဲပြီး တော့ ပူးပေါင်း ဖို့ ဦးဆောင် ပြီး လုပ်ကြ ရ မယ့် အဲဒီ အချိန် မှာ နိုင်ငံ ရေး ပြက်လုံး တွေ ပြောရင်း ပြောရင်း နဲ့ ခင်ဗျား တို့လည်း ကြားဖူး ကြ မှာပါ။
အငြိမ့် တွေမှာ မောင် နဲ့ နှစ်မ မကြားဝံ့ မနာသာ တွေ တောင်မှ ပြက်လာ ကြတယ်။ အဲဒီ တော့ ဒေါ်အောင် ဆန်းစုကြည် ကို    မြက် တစ်ပင် တောင်မ စိုက်ဖူး ဘူးဆို တာ က ဒေါ်အောင် ဆန်း စုကြည် က မြက်စိုက် ဖို့လာ တာ မဟုတ် ဘူး   ဟု ၎င်း က ပြော သည်။
          ယင်းကဲ့သို့ ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည် အပေါ်တွင်လည်းကောင်း၊ ပြည်သူလူ ထု အပေါ်တွင်  လည်းကောင်း၊ ပါတီ ၀င်များ အပေါ်တွင်လည်းကောင်းတစ်စုံတစ် ရာထိခိုက်မှုမရှိကြောင်း၊ ထို့ အပြင် ဒေါ်အောင် ဆန်းစုကြည်၏သြဇာ၊ ဂုဏ်သိက္ခာနှင့်အမှန် တရားသည် လည်းညှိုး မှိန်သွားစရာမရှိကြောင်း ဟံသာဝတီ ဦးဝင်းတင် ကပြောသည်။ မြန်မာပြည်မှာ မြက် စိုက် ဖို့ မဟုတ်ဘူး။ စိုက်ရင် ကျွန်းပင်စိုက်ချင်တယ်။ ဒီလို ဟာမျိုး ပြောချင် တယ်။ ကျွန်တော် တို့ဆီမှာ သစ်တော တွေ စိုက် ချင်တယ်။ အရင်  ကရော၊ စစ်  အစိုးရ လက်ထက်မှာရော  ပြုန်းသွားတဲ့သစ်ပင်တွေ ကို စိုက်ချင်တယ်။   ဒေါ်အောင် ဆန်းစုကြည် သစ်ပင်မ စိုက် နိုင် သေး ဘူးလို့ ပြောရင် ဒါ  စဉ်းစား စရာ ကောင်းတဲ့ အချက် လို့မြင် တယ်။မြက်ပင် နဲ့   သွား ပြော တာကျ တော့ မြက် စိုက် တယ်ဆို တော့ မြက်စား တဲ့သူ ရှိမှပဲ။ သူတို့ တွေစားဖို့ စိုက်ခိုင်း နေသလားလို့ တောင် ကျွန်တော်က ဒီလိုပြောချင်တယ်”” ဟု ၎င်း က တုံ့ပြန်ပြော ကြားသည်။

messengernewsjournal
သမီးကလေးကျေးရွာ အပါအ၀င် အခြားမြေနေရာများနှင့် ကျူးကျော်များအား အစိုးရက အဓမ္မ ၀င်ရောက် ဖျက်ဆီးမှုများ ပြုလုပ်သည့်အပေါ် လယ်ယာမြေနှင့် အခြားမြေများ နစ်နာဆုံးရှုံးမှု အတွက် ဖွဲ့စည်းထားသည် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် ပြည်သူ့ဘက်မှ မရပ် တည် နိုင်သည့်အပြင် လက်တွေ့ကျသည့် လုပ်ဆောင်မှုများ မရှိသည့်အ တွက် နုတ် ထွက်သင့်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထောင့်၌ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲ၌ ဆန္ဒပြသူများ က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျူးကျော် မြေနေရာများအား အစိုးရက အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးမှုကြောင့် လူဦးရေ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်ခဲ့ရပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယခုအချိန်အထိ တစ်စုံတစ်ရာ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

““သူတို့ကို ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ပြည်သူတွေရဲ့ အလုပ်ကို လုပ်ပေးရမှာကို ဒီကနေ့ထိ ကော်မရှင်တွေက ပျက်ကွက်နေတာ တွေ့ရှိရပါတယ်။ စကားတွေပဲ ပြောနေပြီး၊ စာရွက်တွေပဲ ထုတ်နေပြီး လက်တွေ့ဆန်ဆန် ဘာမှ ကျင့်သုံးတာ မတွေ့ရပါဘူး။ ဒီဟာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ မဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းတွေ နုတ်ထွက်ဖို့ လိုတယ်””ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး သမီးကလေး ကျေးရွာအား အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ဆီးနေမှု ဓာတ်ပုံများ ကိုင်ဆောင်လျက် ““ပြည်သူလိုလားသော အစိုးရဖြစ်ရေး””၊ ““ပြည်သူ့အရေး””၊ ““လူသားဆန်စွာ နေထိုင်စားသောက်ရေး”” စသဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သည်။

ထိုဆန္ဒဖော်ထုတ်ပွဲမှာ တရားဝင် ခွင့်ပြုမိန့် မရဘဲ လုပ်ခဲ့ခြင်းလည်းဖြစ်ပြီး ယင်းအတွက် ဦးဆောင်သူ ကိုထင်ကျော်အား ကျောက်တံတား မြို့မရဲစခန်းမှ ပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ကို ၂၀၁၂ခုနှစ်၊ ဇူလိုင်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက် ပေးရန်အတွက် ပြောဆိုခံရမှုနှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က““အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိနေတယ် ဆိုတာကိုတော့ သူတို့ သတိထား ဆောင်ရွက် သင့်တာပေါ့။ ဒါက သူတို့ရဲ့ ဆောင်ရွက်မှု ဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာကို ဝေဖန်စရာတော့ မရှိဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ပြီး လုပ်တဲ့ကိစ္စလေ။ ကျူးကျော်လို့ စွပ်စွဲခံရပြီး ဖျက်သိမ်းခံရတဲ့ ပြည်သူတွေက သူတို့အတွက် နစ်နာတယ်၊ ထိခိုက်မှုတွေ ဖြစ်တယ်ဆိုရင် လွှတ်တော်ကို တင်ပြလာမယ်၊ ကော်မရှင်ကို တိုင်ကြားလာမယ်ဆိုရင် ဒါကို စိစစ်ပြီး ဆောင်ရွက်သင့်တာတွေ ဆောင်ရွက် ရအောင် ကော်မရှင်က တာဝန်ရှိပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်မှာ လက်ရှိတွင် ရုပ်ပြသာ ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း (၁၊ ၂) ၀င်းအတွင်းရှိ လူနေအိမ်များ၊ မွေးမြူရေးခြံများနှင့် စိုက်ခင်းများအား တပ်စည်ပင်မှ ၀င်ရောက်ဖျက်ဆီးစဉ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ် ကိုယ်တိုင် သွားရောက် ခဲ့သော်လည်း ယင်းဝင်းအတွင်းသို့ပင် ၀င်ရောက်ခွင့် မရခဲ့ပေ။

ကျူးကျော်တဲများ ဖြစ်သည့်အတွက် အမြန်ဆုံး ပြောင်းရွှေ့ကြရန်နှင့် မပြောင်းပေးသည့် တဲအိမ်များကို အာဏာပိုင်များက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းက ရဲများ၊ တာဝန်တံဆိပ်ပါ လက်ပတ် ၀တ်ဆင်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ စသော အစိုးရ၀န်ထမ်းများနှင့် အခကြေးငွေဖြင့် ငှားရမ်း ထားသောလူမိုက်များက အင်အားသုံး ဖျက်ဆီးမှုများ ဆက်တိုက်ဆိုသလို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပေါ်ခဲ့သည်။ - See more at: http://www.dawnmanhon.com/2014/02/blog-post_8080.html#sthash.88IOOyde.dpuf

No comments:

Post a Comment