တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်
ညကရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြိတ်တောင်ရပ်ကွက်ရှိ
မြို့သစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံမီးစက်ကြီး လမ်းဘေးလျှပ်စစ်မီးတိုင်မှ
မီးကြိုးပြတ်ကျခဲ့ရာ အလကအုန်းတောကျောင်းမှ ဆဋ္ဌမတန်းကျောင်းသား မောင်ရဲလင်းဦး
(၁၄နှစ်) အောင်မင်္ဂလာရပ်ကွက် မြိတ်တောင်ကျေးရွာနေသူသည် မြိတ်တောင်ရပ်ကွက်
အောင်ဆန်းလမ်းနှင့် အောင်ချမ်းသာလမ်းထောင့်တွင် လမ်းလျှောက်ပြီး
နေအိမ်သို့ပြန်လာစဉ် အဆိုပါ လျှပ်စစ်မီးကြိုး ရုတ်တရက်ပြတ်ကာ
လက်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment