24 February 2014

ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်နှာစေးပျောက်ဆေးပြား ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၂ နာရီခွဲအချိန် အမှတ်(၁၇)မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ကျော်ဇေဦး(၃၄)နှစ် နေထိုင်သည့် တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နောက်ဖေးမီးဖိုဆောင်ရှိ စားပွဲခုံအောက်မှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်အအေးမိနှာစေးပျောက်ဆေးပြား(၂၄၃၀၀)ပြား၊ တိုက်ခန်းရှေ့တွင် ရပ်ထားသော ၎င်းပိုင်ယာဉ်နောက်ခန်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင် နှာဆေး ပျောက်ဆေးပြား (၄၆)ပြား၊ စုစုပေါင်းဆေးပြား(၂၄၃၄၆)ပြား၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၉.၂၁၅၂) သိန်း၊
လက်ကိုင်ဖုန်း(၃)လုံး၊ ကျောက်စိမ်းဖြတ်စပိုင်းတစ်ခုနှင့် ကျောက်ပွင့်(၄)ပွင့်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် အမှတ်(၇)နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ ဖြင့်လည်းကောင်း၊ (ပ)၁၁၉/၂၀၁၄၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment