ထောင်နဲ့ချီတဲ့ ဗင်နီဇွဲလား အတိုက်အခံတွေ မြို့တော် ကာရာကပ်စ်ရဲ့ လမ်းတွေပေါ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြည့်ကျပ်နေပါတယ်။
သမ္မတ နီကိုးလပ်စ် မာဒူရို ရာထူးက ဆင်းပေးရေး တောင်းဆိုနေတာလည်း
ဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆန္ဒပြပွဲအတွင်း စုစုပေါင်း
လူသေဆုံးမှု ၈ ယောက် ဖြစ်သွားပါပြီ။
၂၀၁၃ ဧပြီက စပြီး သမတ မာဒူရို ရွေးကောက်ပွဲ အနိုင်ရခဲ့ ပြီးတဲ့နောက် အဆိုးရွားဆုံး နိုင်ငံရေးအကြပ်ရိုက်မှုလည်း ဖြစ်ပါတယ်။
အစိုးရကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ချာဗဲဇ်ကို အာဏာသိမ်းခဲ့တုံးက
ပုံစံအတိုင်း အာဏာသိမ်းဖို့ ကြိုးစားချင်တဲ့ ဖက်ဆစ် အုပ်စုတွေကို
အပြစ်တင်ပါတယ်။ အတိုက်အခံတွေကတော့ သမ္မတ မာဒူရိုကို လိုလားတဲ့
စစ်သွေးကြွတွေနဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို
တိုက်ခိုက်နေတယ်လို့ စွပ်စွဲပါတယ်။
နိုင်ငံတွင်း ရာဇ၀တ်မှု ထူပြောမှု ငွေကြေးဖောင်းပွမှု အခြေခံ ကုန်စည်
ပြတ်လပ်မှုတွေနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်မှုတွေကြောင့် သမ္မတ ရာထူးက
နှုတ်ထွက်ရေး အတိုက်အခံတွေက တောင်းဆိုနေပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတော့ သမ္မတ မာဒူရိုက အမေရိကန် သမ္မတ အိုဘားမားနဲ့
ဆွေးနွေးပွဲ ကျင်းပဖို့နဲ့ ၂ နိုင်ငံကြား သံအမတ်ကြီးတွေ
ပြန်လည်ခန့်ထားရေး တိုက်တွန်းခဲ့ပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment