ကိုရီးယား စစ်ပွဲအတွင်း ကွဲကွာခဲ့ရပြီးနောက် ခဏတာ ပြန်လည်တွေ့ဆုံခွင့်ရတဲ့
မိသားစုတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြန်လည်ခွဲခွာဖို့ နှုတ်ဆက်ကြပါတယ်။ ၁၉၅၀ – ၅၃ စစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေဟာ
မိသားစုပြန်လည်တွေ့ဆုံရေး အစီအစဉ်အရ နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယား
ဘက်အခြမ်း ကမ်ဂန်း အပမ်းဖြေစခန်းမှာ တွေ့ဆုံခွင့် ရတာပါ။
ပထမ အသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တောင်ကိုရီးယားဘက်အခြမ်းက
တွေ့ဆုံခွင့် မဲပေါက်တဲ့ အသက်ကြီးရွယ်အို ၈၂ ယောက်ဟာ မိသားစုဝင် ၅၀
ယောက်နဲ့ အတူ နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားသား
ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံပါတယ်။ ကြားထဲမှာ သူတို့ထဲက နှစ်ယောက်ကတော့
ကျန်းမာရေး ဆိုးရွားလို့ တောင်ကိုရီးယားဘက်က ပြန်နှင့်သွားပါပြီ။
တွေ့ဆုံခွင့် မဲပေါက်ထားတဲ့ ဒုတိယအသုတ်မိသားစု တွေ့ဆုံတာကိုတော့
တနင်္ဂနွေနေ့မှာ စတင်မှာ ဖြစ်ပြီး မြောက်ကိုရီးယားသား ၈၈ ယောက်နဲ့
တောင်ကိုရီးယားက ဆွေမျိုးသားချင်း ၃၆၁ ယောက်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ သုံးနှစ်အတွင်း ပထမဆုံး ဖြစ်ပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment