နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ချွေးတွေထွက်၊ အဆီတွေပြန်တတ်တဲ့ နွေရာသီအတွက်
ကိုယ့်ရဲ့ အသားအရေပိုင်းကိုရော ဘယ်လို ထိန်းသိမ်းကြမှာလဲ။ ဒါကလည်း
စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး မော်ဒယ်
လဲ့ယမင်းကတော့ ‘နွေရာသီမှာ Sun Cover, Sun Block က မပါမဖြစ်ပဲ။ အရမ်းကို
အရေးကြီးပါတယ်။ တလောက ဓာတ်ပုံရှုတင်တစ်ခုအတွက် ဓာတ်ပုံရိုက်တာ အသားအရေ
တော်တော်ပျက်စီးသွားတယ်။ သုံးဖြစ်တဲ့ အလှကုန်တွေကတော့ အစုံသုံးတယ်။
မိတ်ကပ်လိမ်းတာက ပိုများတော့ တစ်ခါတစ်လေ
မိတ်ကပ်ဆရာဆီကလိမ်းပေးရင်သူတို့ဟာပေါ့။ ကိုယ့်ဟာကိုယ် လိမ်းတာကတော့
အစုံရောပြီးသုံးတယ်။
အသားအရေပိုင်းကို ညအိပ်ရာဝင်ခါနီးရင်NNO
အမြဲလိမ်းဖြစ်တယ်။ ပြီးရင် အသားအရေတွက် လိုးရှင်း လိမ်းပေးတယ်။
ဆိုင်မှာကတော့ တစ်ခါတစ်လေမှပဲ လုပ်ဖြစ်တယ်။ နေ့တိုင်းအိမ်မှာ
ဂရုစိုက်တာမျိုးပဲ ရှိပါတယ်။ အရင်ကဆိုရင်တော့ အသားစားတယ်။
ခုနောက်ပိုင်းတော့ အသီးအရွက်များများစားဖြစ်တယ်။ အသားကိုမစားချင်တော့ဘူး။
အသီးအရွက်ပဲ စားတယ်ဆိုတော့ ထိန်းရာရောက်တယ်ပေါ့နော်။’လို့ ပြောပါတယ်။
ခင်ဆွေသက် /Trend Myanmar
No comments:
Post a Comment