နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော်တစ်ယောက်ဖြစ်တဲ့
သရုပ်ဆောင်အောင်ရဲလင်းကို နွေရာသီနဲ့ ပတ်သက်ပြီး သူ့ရဲ့စိတ်ခံစားချက်၊
ဖီလင်တွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နွေရာသီဆိုရင်တော့ အရမ်းပူမှာပေါ့။
ဘယ်ပဲသွားသွား နေ့လည်ဘက်တွေသွားရင် Sun Block လိမ်းပေးသင့်ပါတယ်။
အင်္ကျင်္ီလက်ရှည်လေးတွေ ဝတ်သင့်ပါတယ်။ လက်ရှည်တွေ ဝတ်ရတာ ပူတော့ပူတာပေါ့နော်။
ဒါပေမဲ့ အသားအရေရဲ့ အရေပြားရောဂါကို ကာကွယ်ပေးတာပေါ့။ နွေရာသီ
ရောက်ပြီဆိုရင် ကျွန်တော်ကတော့ အင်္ကျီလက်ရှည်ကို အမြဲဝတ်ဖြစ်ပါတယ်။
နေပူထဲသွားရင်တော့ ကျွန်တော်ပြောသလိုပါပဲ တစ်ခုခုပေါ့။ ဦးထုပ်ဖြစ်ဖြစ်၊
ထီးဖြစ်ဖြစ်ဆောင်းသွားတယ်။ နောက်တစ်ခုက ကျွန်တော် Lotion လိမ်းတယ်။ Sun
Block လိမ်းတယ်။ ရာသီဥတုအားလုံးကို သဘောကျပါတယ်။ အကြိုက်ဆုံးကတော့
မိုးတွင်းပေါ့။
ပြီးရင် ဆောင်းတွင်း။ နွေရာသီကတော့ တတိယအကြိုက်ဆုံး
ပေါ့နော်။ ကြိုက်တာတော့ ကြိုက်ပါတယ်။ မကြိုက်ဘူးဆိုတာကတော့ မရှိပါဘူး။
နွေရာသီမှာက သင်္ကြန်ရှိတော့ ပျော်စရာကောင်းတာပေါ့။ သင်္ကြန်ရောက်တိုင်း
နှစ်တိုင်းမကဲဖြစ်ပါဘူး။ မနှစ်ကတော့ မဏ္ဍပ်ဆောက်ဖြစ်တယ်။ ဒီနှစ်လည်း
ထပ်ပြီးမဏ္ဍပ်ဆောက်ဖြစ်မယ်ထင်တာပဲ။ နွေရာသီနဲ့ ပတ်သက်ပြီး
အမှတ်တရတော့မရှိပါဘူး။ နွေရာသီရောက်ရင်တော့ ပူတာတစ်ခုပဲခံစားမိပါတယ်’လို့
သူက ဆိုပါတယ်။
စန္ဒီ /Trend Myanmar
No comments:
Post a Comment