18 February 2014

မွေးနေ့အလှူ အဖြစ် ကန့်ဘလူမြို့ရှိ ကျေးရွာ လျှပ်စစ်မီး ရရှိရေး အတွက် သိန်း၅ဝဝ လှူဒါန်းခဲ့တဲ့ ဖိုးချစ်


ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတော့ ဖိုးချစ် ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ်မွေး နေ့ ရောက်တိုင်း အလှူအတန်းတွေ နဲ့ပဲဖြတ်သန်းလေ့ ရှိခဲ့တဲ့ ဖိုးချစ်က ဒီနှစ်မွေး နေ့ မှာလည်း အလှူ အတန်းတွေ နဲ့ပဲ ဖြတ်သန်းဖြစ် ခဲ့ပြန်ပါတယ်။ မွေးနေ့ရက် မှာတော့ ဖိုးချစ်က ကျိုက်ခေါက် ဘုရားပွဲမှာ ကပြဖျော်ဖြေနေရင်း နဲ့ မွေးနေ့အလှူ အဖြစ် အလှူငွေ များကို ပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုင်းတောကျေးရွာနှင့် လိပ်ထု ကျေးရွာ လျှပ်စစ်မီး ရရှိရေး အတွက် သိန်း၅ဝဝ လှူဒါန်းခဲ့ပါတယ်။ ဒီ အလှူ ငွေကတော့ မွေးနေ့ရှင် ဖိုးချစ်နဲ့ ပရိသတ်များ၊ အလှူ ရှင်များရဲ့ စုပေါင်း အလှူဖြစ်ကြောင်းလည်း သိရပါတယ်။ ၁၂ရက်နေ့ ကပြည်ထောင်စုနေ့၊ ၁၃ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့၊ ၁၄ရက်နေ့ ချစ်သူများနေ့၊ ၁၅ရက် နေ့ကတော့ ဖိုးချစ်ရဲ့မွေးနေ့ဖြစ်တဲ့ အတွက်မွေးနေ့ နဲ့ ပတ် သက်ပြီးသူ့ရဲ့ ခံစားချက် ကိုမေးတော့..



 ”ကျွန်တော့်ရဲ့မွေးနေ့က ပမွှားပါ။ ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ်မွေး နေ့က တော့ တကယ်ကို တန်ဖိုးထား လေးစားရ မယ့် နေ့ရက်တွေပါ။ ကျွန်တော့် အနေနဲ့ လည်း ဒီနေ့ ရက်တွေကို တအား တန်ဖိုးထား ပါတယ်။ ကျွန်တော့် အနေနဲ့ အမြဲတမ်းလည်း စင်ပေါ်မှာ ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ် မွေးနေ့ကို ပြောပြ ဖြစ်တယ်”လို့ ဖိုးချစ် က ပြောပြ ပါတယ်။ ကျိုက်ခေါက် ဘုရားပွဲပြီးတာနဲ့ သဘင်ဘိုးဘွား ရိပ်သာ အတွက် ဖောင်ဒေးရှင်း အလှူ ငွေစပြီး လှူဒါန်းမှာ ဖြစ်တယ်လို့ ဖိုးချစ်က ပြောပါ တယ်။ “သဘင် ဘိုးဘွားရိပ်သာပါ။ ဖောင်ဒေး ရှင်း ဆိုတာကတော့ နည်းနည်း ကြီးပါတယ်။ အဓိက ကတော့ အခြေခံ အုတ်မြစ်ပါပဲ။ ဒီပွဲပြီးတာနဲ့ အလှူ ငွေစချမယ်။ ပြီးတာနဲ့ အကောင် အထည်ဖော်မယ်။ 

ကျွန်တော် မတိုင်ပင်ချင်တော့ဘူး။ အများတိုင် ပင်ရင် တစ်ယောက် တစ်မျိုးနဲ့ ပျက်လို့ပါ။ ကိုယ့် ဘာသာပဲ အဆောက်အအုံ ရအောင် လုပ်ပြီး တည်ဆောက် လိုက်ပြီးမှ စကားတွေ ပြောတာ ကောင်းပါတယ်။ ရန်ကုန်မှာပဲ လုပ်မှာပါ။ သဘင်ဘိုးဘွား ရိပ်သာက သဘင်နဲ့ ပတ်သက်ပြီး အများကြီး အကျိုးပြုမယ်လို့ ထင်ပါတယ်။ သဘင်နဲ့ လုပ်ကိုင်စား သောက်ခဲ့ကြ ပြီး ကျောထောက် နောက်ခံ သားသမီး မရှိတာမျိုး၊ ကျန်းမာရေး အရ ခက်ခဲ တာမျိုး၊ တချို့ သဘင်အဘိုး၊ အဘွား တော်တော် များများက နေစရာခက် ခဲကြတယ်။ နောက် သဘင်သမား တွေရဲ့ ကလေးတွေ၊ မိဘမဲ့ ဆိုရင် လည်း မိဘမဲ့ ကလေးတွေ တတ် နိုင်သလောက် ပံ့ပိုး ကူညီစောင့် ရှောက်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

ဖိုးချစ် ကပွဲကတဲ့ နေရာ ဒေသတိုင်းမှာ ပရိသတ်တွေကို ကြာ ဇံချက် ကျွေးမွေးလေ့ ရှိပါတယ်။ ဒီ လိုကြာဆံ ချက်ကျွေးဖြစ်တဲ့ အကြောင်း ကိုတော့ ဖိုးချစ်က “တချို့က ထင်ကြ တယ်။ ကြာကြာဆံ ရအောင် ကြာဆန် ချက်ကျွေးတယ်ပေါ့။ အဲဒီလိုမ ဟုတ် ပါ ဘူး။ မုန့်ဟင်းခါး ကျွေးမယ် ဆိုရင် မုန့်ဖတ်တို့ ဟင်းရည်တို့နဲ့ အလုပ် များ မယ်လေ။ ကြာဆံချက် ကျတော့ တစ်ခါတည်း ချက်လို့ရတယ်။ ပြီး တော့ တစ်ခါတည်းလည်း စားလို့ရ တယ်။ အချဉ် စားချင်လား၊ သံပရာ သီးညစ်ရုံပဲလေ။ လွယ်တယ်။ ပွဲ ကတဲ့နေရာ တိုင်းတော့ လှူဖြစ်တယ်။  ပရိသတ် ကြည့်တဲ့ ပိုက်ဆံလေးတွေစု ပြီး ပြန်လှူတာပါ။ နောက်ပိုင်းလည်း လှူဖြစ်သွားဦးမှာပါ”လို့ ပြောပြပါ တယ်။
လင်းအက္ခရာ/popularmyanmar ဓာတ်ပုံ-မင်းမင်းထွန်း





မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'

No comments:

Post a Comment