18 February 2014

ဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက ရိုက်ကူးခဲ့တဲ့ မို့မို့မြင့်အောင်

တီဗီချန်နယ်တွေကနေ မြန်မာဇာတ်လမ်းတွဲတွေ ပြသနေပြီဖြစ်သလို ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိလာခဲ့ပါတယ်။ ဇာတ်လမ်းတွဲအနေနဲ့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော် ကတည်းက ရိုက်ကူး ခဲ့ပြီး မပြသဖြစ်ခဲ့ဘူးလို့ အမှတ်တရ ပြန်လည်ပြောပြတဲ့ မို့မို့မြင့်အောင်က..

” ဇာတ်လမ်းတွဲက လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ရိုက်ခဲ့ဖူးတယ်။ မမို့၊ ကိုကျော်သူ၊ ရာဇာနေဝင်းတို့နဲ့ ဒါရိုက်တာက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ပေါ့။ ဆင်းန်ပေါင်း ၄၁၄ ဆင်းန် အရှည်ကြီးပဲ။ မမို့က နှစ်ကိုယ်ခွဲလုပ်ရတာ။ အင်္ကျီဆို ကားနောက်မှာ ဗီရိုလို စင်နဲ့လုပ်ပြီးတော့ မေမြို့ကိုသွားရတာ။ အဲဒီခေတ်က ဒီလိုစက်တွေလည်း မပေါ်ေ သးတော့ တအားခက်ခက်ခဲခဲလုပ်ခဲ့ရတာ။ ရာဇာနေဝင်းဆို စပေါ်ခါစပဲ ရှိသေးတယ်။ အဲဒီတုန်းကရိုက်ခဲ့တာ အရင်းအနှီး လည်း တအားများတယ်။ ဒါပေမဲ့ အဲဒီ ဇာတ်လမ်းတွဲက မလွှင့်ဖြစ်ခဲ့ဘူး။ ရိုက်ပြီးနောက် ၁ဝ နှစ်လောက် အကြာမှာ ပြန်လွှင့်ဖို့အတွက် လာပြောသေးတယ်။ ကိုယ့်အင်္ကျီအဝတ် အစားတွေက အောက်ကုန်ပြီ ဆိုပေမယ့် ထုတ်လုပ်သူကလည်း သူ အကုန်အကျခံထားရတာပဲဆိုပြီး ပြန်ပြစေချင်ခဲ့တာ။ ကိုယ်တွေ အိုက်တင် ကောင်းဖို့ အဓိကပါပဲပေါ့။ 


ဒါပေမဲ့ ပြန်ညှိလို့မရတာနဲ့ မလွှင့်ဖြစ်ခဲ့တာပေါ့။ နှမြောဖို့ ကောင်းတယ်။ အဲဒီခေတ်က ကိုရီးယားဇာတ်လမ်းတွဲတွေ မဝင်သေးဘူး။ တရုတ်ကားတွေ ပြတုန်းအချိန်ပေါ့။ အဲဒီအချိန်ကသာ ပြဖြစ်ခဲ့ရင် လမ်းကြောင်းတစ်ခုလို ဖြစ်ခဲ့မှာပေါ့။
ဇာတ်လမ်းတွဲက ” ထာဝရမန္တလေး”  ရိုက်ထားတာ အခု ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတယ်။  ထိုင်းရဲ့ Channel မှာ လည်းပြမယ်။ ရုပ်ရှင်ပွဲတော်မှာ လည်း ပြ မယ်။ အဲဒါတွေကသာသွားတယ်။ ဒါက မမို့တို့အတွက် ရွှေတံခါးကြီးပွင့်သွားသလိုပဲ ရိုက်တုန်းကလည်း ကုန်ကျစရိတ်များတယ်။ ဇာတ်အိမ်ကလည်း ကြီးတာကိုး။ ဆရာ ဦးငြိမ်းမင်းလည်း တော်တော်လေး ပင်ပန်းတယ်။ တစ်ယောက်ချင်း စီကိုသင်ပေးတာ။ တအားကျေ နပ်စရာကောင်းတယ်။ ဆရာ့ရဲ့ စကားလုံး ဒိုင်ယာလော့တွေကို တစ်လုံးချင်း မမှားအောင်ပြော ရတယ်။ ဆရာက သူ့ရင်တွင်းခံစား ချက်တွေနဲ့လေ။ သိပ် အားရပါတယ်။ မမို့က တော့ အိုက်တင်လုပ် နေရရင် ကျေနပ်တယ်။ ဇာတ် လမ်းတွဲ တွေ ရိုက်တာက အခန်းဆက် ဆိုပေမယ့် ဒါလည်း အရသာတစ်မျိုးပဲ။ မမို့ကလည်း အိုက်တင်ဆို လုပ်မှာပဲ။  SkyNet က လည်း ထပ်ရိုက် ဖို့ရှိတယ်။ ဗီဒီယို ဈေး ကွက်ပျက်တယ်။ ရုပ်ရှင် ရုံဆိုလည်း မရှိဘူး။ အခုတော့ အိမ်တိုင် ရာရောက် မမို့တို့က ပရိ သတ်တွေဆီ လာတော့ မှာပဲ။  အဓိကက ပရိသတ် ရင်ထဲရောက်ဖို့ပါပဲ”  လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar





မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'

No comments:

Post a Comment