ရွှေဘိုမြို့ အောင်ဇေယျလမ်းမကြီး နယ်မြေ (၂) မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ
၂၁ ရက် နံနက် ၈နာရီ ၃၀ မိနစ်အချိန်က ISUZU မော်တော်ယာဉ် အမျိုးအစား 4WD
အဖြူရောင် မော်တော်ယာဉ်ပေါ်တွင် တမလန်းဓားရွေ့ ၂၁ ချောင်းသစ်တန်ချိန် ၀ ဒသမ
၉၆၃၆ တန်ကို ရွှေဘိုမြို့နယ် သစ်တောဦးစီး အရာရှိဦးရဲလွင် ခေါင်းဆောင်သော
အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တော တောအုပ်
ဦးသိန်းထွန်းအောင်ထံမှ စုံစမ်းသိရှိရသည်။
ယာဉ်မောင်း/သစ်ပိုင်ရှင် ဦးထွန်းနိုင် (ဘ) ဦးသက်နောင်သည်
အဆိုပါသစ်များကို တန့်ဆည်မြို့နယ် ကံထူးမမှ မန္တလေးသို့ တရားမဝင်
သယ်ဆောင်လာခြင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၅၇၈,၁၆၀ (ငါးသိန်းကျော်)
ရှိကြောင်း ဦးသိန်းထွန်းအောင်က ဆက်လက် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ တရားမဝင် တမလန်းသစ် ငါးကြိမ်ဖမ်းဆီး ရရှိမှုတွင်
တမလန်းဓားရွေ့ ၆.၆၄၅၆ တန်၊ တမလန်းသစ် ၁ ဒသမ ၉၉၁၈ တန်ရှိပြီး အင်ကြင်း
ခွဲသား သစ်တစ်ကြိမ် ဖမ်းဆီးရရှိပြီး တန်ချိန် ၉ ဒသမ ၂၉၁၂ တန်
ဖမ်းဆီးမိကြာင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။
“ဒီနှစ်ထဲမှာ တမလန်းသစ်တွေ ဖမ်းမိတာများတယ် တရုတ်က အဝယ်လိုက်နေတော့
ဈေးကောင်းရတော့ မန္တလေးမှတစ်ဆင့် တရုတ်ပြည်အထိ ပို့ကြတယ်” ဟု အဆိုပါ
တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
The Voice Weekly Myanmar
No comments:
Post a Comment