ကသာခရိုင်၊ကသာမြို့နယ်၊
ပြည်သာယာ ကျေးရွာအုပ်စုတွင် ပြည်သာယာကျေးရွာနှင့် အောင်ပုံကျေးရွာ (၂)
ရွာရှိပါသည်။ အိမ်ထောင်စု (၅၇၂)စု နှင့်ကျား (၁၂၉၄) ဦး၊ မ(၁၄၈၉)ဦး
စုစုပေါင်း (၂၇၈၃)ဦး နေထိုင်ကြသည်။ ဗမာ နှင့် ကချင်တိုင်းရင်းသား အများစု
နေထိုင်ကြသည်။ တောင်သူလုပ်ငန်း အများစုလုပ်ကိုင်ပြီး အေးချမ်းစွာ
နေထိုင်ကြသည်။ လောင်းကစား အနည်းပါးဆုံး၊ ကျေးရွာအုပ်စု ဖြစ်သည်။
ကသာမြို့နယ်
ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်အောင်မြင့်က “ ပြည်သာယာကျေးရွာ
အုပ်စုစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်တင့်သည် လူငယ်ဖြစ်သော်လည်း၊
ကော်မတီဝင်များ၏ ပါဝင် ကူညီမှု၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏
ကူညီမှုများကြောင့် ဒီကျေးရွာအုပ်စုဟာ လောင်းကစားနည်းပါးဆုံး ဖြစ်ကြောင်း၊
ဒါကြောင့်လည်း ဒီကျေးရွာအုပ်စုကို လောင်းကစားကင်းမဲ့ဇုန်အဖြစ်
သတ်မှတ်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားပြီး လောင်းကစားကင်းမဲ့ဇုန်
ဆိုင်းဘုတ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စိုက်ထူခဲ့သည်။
အခမ်းအနားသို့
မြို့နယ်တရားသူကြီး ဦးတင်မြ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်လှိုင်၊
သတင်းထောက်အဖွဲ့ ခေါင်းဆောင်း ဦးစမ်းဦး (ကမ်းနဖူး-စမ်းဦး)နှင့်
အဖွဲ့ဝင်များ၊ မြို့ပေါ် (၁၀) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊
အုပ်စုအရန်မီးသတ် တပ်ဖွဲ့များ တက်ရောက်ခဲ့ကြသည်။
By MOI
No comments:
Post a Comment