17 February 2014

ကြယ်စင်မော်ကွန်းမှ ဘုန်းကြီး လူထွက် ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ လူမင်း

ဗမာ့ တပ်မတော်ရဲ့ ဖြစ်တည် လာပုံနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ပုံရိပ်များကို ပုံဖော် ရိုက်ကူးထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားကြီးကို ရုံတင်ပြသရာ ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကား မှာတော့ လူမင်းက ဘုန်းကြီး ဝတ်ဘဝ ကနေ မျိုးချစ်စိတ်ကြောင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA စတင်ဖွဲ့စည်းတာ ကိုသိရှိခဲ့ပြီး နောက် လူဝတ်လဲ ခဲ့ပြီး BIA တပ်မတော်ထဲ ကို ဝင်ရောက်ခဲ့ပါတယ်။ ဒီ့နောက် BIA ဖျက်သိမ်းပြီး BDA ပေါ်လာချိန် မှာပဲ BDA တပ်မတော်မှာ ထပ်မံ တာဝန်ထမ်း ဆောင်ခဲ့ပြန်ပါတယ်။
ဒီဇာတ်ကားမှာ ဘုန်းကြီး လူထွက်ပြီး နိုင်ငံအတွက် တာဝန် ထမ်းဆောင်သူ တစ်ယောက်အဖြစ် သရုပ်ဆောင်မှုကို ပရိသတ်တွေ ကြိုက်နှစ်သက် ခဲ့တာကြောင့် ရိုက်ကူး ခဲ့ပုံ နဲ့ပတ်သက်ပြီး လူမင်း ကိုမေးကြည့်ရာ ” အဲဒီ ဇာတ်ကောင် ကာရိုက်တာကိုက ကြိုက်တာ။
ဒါ ဗိုလ်ချုပ်အောင်ဆန်း တို့ လက်ထက်ကလေ။ စစ်ထဲကို ဝင်တယ် ဆိုတာ တိုင်းပြည် အတွက် ဘုန်းကြီး တောင် သင်္ကန်း ချွတ်ပြီးတော့ တပ်ထဲကိုလိုက်တာ။ အဲဒီတုန်း က တိုင်းသူပြည်သားတွေ ရဲ့ စိတ်ဓာတ်က အဲဒီလိုမျိုးပေါ့။ တကယ် ကိုလေးစားလွန်း လို့ အဲဒီနေရာကိုလည်း ကြိုက် လွန်းလို့ ပါဝင် သရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ပရိသတ် တွေက အားပေးကြတာ ဝမ်းသာစရာပါပဲ။ ကျေးဇူး တင်ပါ တယ်။ အကယ်ဒမီ မှန်းနေကြတယ် ဆိုတာ ပရိသတ်တွေ ကလည်း ပြောကြပေမယ့် အကယ်ဒမီ နီးရင်တော့ ကိုလူမင်း တို့ကခေတ်စားတာပဲ ပွဲကျရင် သာ မရတာလေ။ ကိုယ်တွေ ဖန်တီးတဲ့ အနုပညာကို အားပေးတယ်ဆို ဘာပိုက်ဆံ နဲ့မှ ဝယ်ယူလို့ မရတဲ့ ကျေနပ်မှုမျိုးကို ရပါတယ်” လို့ ပြောပြခဲ့ပါ တယ်။
မေမွန်မောင်

 By  popularmyanmar


No comments:

Post a Comment