24 February 2014

ကားအက်ဆီးဒင့်ဖြစ် ရင်း ကွယ်လွန်ခဲ့တဲ့ မအေးအေးသင်းအတွက် အလှူလုပ်ပေးခဲ့တဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်က သူနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်တုန်းက ဆုံး သွားတဲ့ ညီမလေးမအေးအေးသင်း တစ်လပြည့်အလှူကို ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၁ဝ နာရီက နေအိမ် မှာ သံဃာတော်များကို သင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ရေစက်ချလှူဒါန်းခဲ့ပါတယ်။ အခုလို မျိုး ကောင်းမှုကုသိုလ်ပြုလုပ်ဖြစ်ပုံ နဲ့ပတ်သက်ပြီး လင်းဇာနည်ဇော် က
“အက်ဆီးဒင့်ဖြစ်တုန်းက ဆုံး သွားတာ အစ်မရဲ့ညီမလေးလိုပါပဲ။ သူ့ရဲ့ တစ်လပြည့်ကိုရည်စူးပြီးတော့ လှူပေးဖြစ်တယ်။ အမှန်တကယ် သူ နေတာက မန္တလေးမှာနေ တာပါ။ မန္တလေးကသူ့မိသားစုကလည်း မန္တလေးမှာလုပ်သလို အစ်မကလည်း ဒီမှာသူ့ရဲ့အစ်မတစ်ယောက်အနေ နဲ့ လုပ်ပေးတာပါ။ သူရောက်တဲ့နေရာ က သာဓုခေါ်နို င်အောင်လို့ပါ။ အစ်မက ရွှေပြည်ဟိန်းကျောင်းတိုက် က ရွှေပြည်ဟိန်းဆရာတော်ကိုပင့် ပြီးတော့ သင်္ကန်းနဲ့ လှူဖွယ်စ္စည်း ဝတ္ထုတွေကို ကပ်လှူပေးဖြစ်တယ်။ ဆွမ်းကပ်ဖြစ် တယ်။
နောက်ပြီးတော့ ကြည့်မြင်တိုင်အရိုးဆေးရုံမှာ သူ့ အတွက်ရည်စူးပြီးတော့ အလှူငွေ ၅ သိန်းလှူဖို့ စီစဉ်ထားပါတယ်။ သူက အစ်မနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် မိသားစုထက်ကိုရင်းနှီးပြီး နေလာခဲ့ တယ်။အစ်မလုပ်တဲ့ကုသိုလ် ကောင်း မှုတိုင်းက အစ်မနဲ့ထပ်တူရပါစေဆိုပြီး အမြဲတမ်းရည်စူးပြီးတော့ လုပ် သွားမှာပါ” လို့ ပြောပါ တယ်။ကျန်းမာ ရေးအခြေအနေနဲ့ပတ်သက်ပြီး လင်း ဇာနည်ဇော်က “အခုလောလောဆယ် မှာ အစ်မက ခါးကိုထိထားတဲ့အတွက် ကြောင့် နည်းနည်းတော့နားနေရဦး မယ်။လည်ပင်းကဒေါက်ကတော့ ဖြုတ်ခိုင်းထားတယ်။ ဒါပေမဲ့ နည်း နည်းအလှည့်အပြုတွေဆိုရင် ဆင်ခြင်ရမယ်။ လက်ကိုလည်း နည်း နည်းထိထားတယ်။ ခါးကတော့ နည်း နည်းပြန်ကောင်းအောင် စောင့်ရဦး မယ်။ အစ်မအခုလိုဖြစ်တာကို ပရိ သတ်တွေ၊ အသိမိတ်ဆွေတွေအကုန် လုံးက နွေးနွေးထွေးထွေးနဲ့ စိုးရိမ်ကြ တယ်။ဒီလိုမျိုးစိုး ရိမ်ပေးကြတဲ့အတွက် ကြောင့် အစ်မအသက်မပါသွားပဲ အခု လောက်ထိနေနိုင်တယ်လို့ထင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း
popularmyanmar

No comments:

Post a Comment