24 February 2014

ဖန်စီပုံစံဇာတ်ရုပ်က ငယ်တဲ့အချိန်ပဲ ရိုက်လို့ရတာဆိုတဲ့ ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်က ‘အသက်သွင်း လိပ်ပြာ လေးရဲ့ရာဇဝင်’ ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကား တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံ ရွှေ ရည်က ဇာတ်တွေများလာတာနဲ့ အမျှ ကိုယ် ရိုက်တဲ့ဇာတ်ကိုအမြဲပြန်ကြည့်ပြီး ချိန်ရ တယ်လို့ပြောပြတာကြောင့်..
“ဇာတ်ကားတွေက ကိုယ့်ကား လေး တွေကို ကိုယ်ပြန်ချိန်ရတာပေါ့။ ရှေ့မှာ စရိုက်တုန်းကပုံစံတစ်မျိုး၊ နည်းနည်း ကြာလာတဲ့အခါ တစ်မျိုး ပေါ့။ အခု နောက်ပိုင်းထွက်လာ မယ့် ကားလေး တွေဆို ဇာတ်လမ်းရော၊ ဇာတ်ရုပ်ရော ချိန်ထားတာပေါ့။ အဓိကက ဇာတ်ရုပ်ပဲလေ။ ကစ်ကို ဒရာမာပိုင်းဆို လူ ငယ်ပရိသတ်က မကြိုက်ကြဘူး။ လူ လတ် ပိုင်း၊ လူကြီး ပိုင်းကတော့ ကြိုက် ကြတယ်။ တချို့ ဒရာမာကားတွေဆို ကိုယ်က စိတ် နှစ်ပြီးလုပ်ထားပေမယ့် တစ်ခါ တလေ ပရိသတ်က သိပ်သဘော မကျတာတွေရှိတယ်။ ဖန်စီကိုပိုပြီးအားပေးကြတယ်။ အဲဒီကြားထဲမှာ ကိုယ်က အတတ်နိုင်ဆုံးရွေးပြီး ရိုက် ရတာပေါ့။အတွေ့အကြုံတွေကအစ အရင် ကထက်ကွာသွားတာပေါ့” လို့ ပြောပြ ပါတယ်။

ဇာတ်ကားတွေကို ဖန်စီပုံစံ လေးတွေ အရိုက်များတာ တွေ့ရသလို ပရိသတ်ကလည်း အားပေးကြပါတယ်။ ရိုက်ကူးဖြစ်တာကလည်း ဒီလို ဇာတ်လမ်းတွေက ငယ်တဲ့အချိန်မှာပဲ ရိုက်လို့ရတာလို့ ပြောပြတဲ့ ဝတ်မှုံ ရွှေရည်က “အခုနောက်ပိုင်းမှာ အိမ် ထောင်ရေးဇာတ်လေး တွေ၊ ဇာတ်ဆန်း ဆန်းလေးတွေရိုက်ဖြစ်တာ။ ဖန်စီလေး   တွေ၊ Cute  ပုံစံ လေးတွေက ငယ်တဲ့အချိန်မှာပဲရိုက်လို့ရတာလေ။ နောက် ပိုင်း ကစ်ရိုက်ချင်တဲ့ ပုံစံလေးတွေ၊ မရိုက်ဖူးသေးတဲ့ဇာတ် ရုပ် လေးတွေပရိသတ်တွေ အတွက် အသစ်ဖြစ်စေမယ့် ကားလေး တွေလည်းရိုက်ထားတာ ထွက် လာတော့ မှာပါ” လို့ ပြောပြ ခဲ့ပါတယ်။
မေမွန်မောင်
popularmyanmar

No comments:

Post a Comment