06 April 2014

အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ နောက်တစ်ရက် ထပ်တိုး

တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြား လိုက်ကြ ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီးကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စားလှယ် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ မပြီးပြတ်သေး

                                                                                           အပစ်ရပ် ဆွေးနွေးပွဲ

 တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ စုစည်းထားတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ ရဲ့ ရန်ကုန်မြို့ ဆွေးနွေးပွဲကို ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ၊ ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း (၇)ခန်းထဲက အခန်း (၁)မှာ ပါရှိတဲ့အခြေခံ မူနဲ့ ပတ်သက်ပြီး၊ အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ ဘာတွေ အဓိကဆွေးနွေး ဖြစ်သလဲ ဆိုတာကိုတော့ (၂)ဘက်စလုံးက တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် အပစ်ရပ်ရေး မူကြမ်း ထွက်လာဖို့ မှာ အဓိက အကျဆုံး အခြေခံမူ အချက်အလက်တွေ ကို ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးပြတ်သေးလို့ NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း ပြောပါတယ်။

မြစ်ကြီးနားခရိုင် တိုက်ပွဲများကြောင့် လမ်းကြောင်းတချို့ပိတ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပယင်းမှော်ရွာတွေဖက်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် တနိုင်းမြို့ဖက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံတွေဟာ များပြားလာသလို ပယင်းမှော်ကျေးရွာတွေဖက်ကိုသွားလာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဒီနေ့ကစပြီး တနိုင်းမြို့ကနေ ပယင်းမှော်ရွာတွေဆီ သွားမယ့်သူအားလုံးကို အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးက သွားခွင့်မပေးဘူးလို့ တနိုင်းမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

"ဒီကနေ ကုန်ပစ္စည်းတွေ သယ်လို့မရတော့ဘူး၊ ပယင်းမှော်တက်မယ့်လူတွေ ကုန်ပစ္စည်းနဲ့သွားမယ့်ဟာတွေ လက်မခံတော့တာပေါ့၊ ဟိုဘက်ရော ဒီဘက်ရော နှစ်ဖက်စလုံးက ဆင်းခိုင်းတယ်ဗျာ၊ ကုန်သည်တွေရော အလုပ်သမားတွေရော လောပန်းတွေရော

တရုတ်သင်္ဘောက အချက်ပေးသင်္ကေတ ထပ်ဖမ်းမိ

                                                              တရုတ်သင်္ဘောက နောက်ထပ်အချက်ပေးသံ ထပ်ဖမ်းမိ

ပျောက်နေတာ တလ လောက်ကြာလာပြီဖြစ်တဲ့ မလေးရှားလေယာဉ်ရှာဖွေရေးမှာ ပါဝင်တဲ့ တရုတ်သင်္ဘောတစင်းက မနေ့က ဒုတိယအကြိမ်ထပ်ပြီး အချက်ပေးသင်္က࿿တေကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အခု ဒုတိယအကြိမ် အချက်ပေးသင်္ကေတ ဖမ်းမိတဲ့နေရာက ပထမ ဖမ်းမိတဲ့နေရာနဲ့ ၁ မိုင် ကျော်ကျော်လောက်မှာလို့ ရှာဖွေရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်နေတဲ သြစတြေးလျ တာဝန်ခံတွေက ပြောပါတယ်။

ဒုတိယသင်္ကေတက စက္ကန့် ၉၀ လောက်ကြာတယ်လို့ ဆိုပါတယ်။

ဒီလို အချက်ပေးသင်္ကေတ ထပ်ပြီး ဖမ်းမိခဲ့တာဟာ ရှာဖွေရေးမှာ အရေးပါပြီး အားတက်စရာကောင်းတယ် အခုတွေ့ရှိချက်ကို အရေးတကြီး သဘောထား ဆောင်ရွက်သွားမယ်၊

မလေးလေယာဉ် Black Box အချက်ပေးသံဟုတ် မဟုတ်မသိရသေး

                                          တရုတ် ကင်းလှည့်ရေယာဉ် Haixun 01 က ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 အား ရှာဖွေနေစဉ်။ (ဧပြီ ၅၊ ၂၀၁၄)

 တရုတ်သင်္ဘောတစင်းက စနေနေ့ညပိုင်းတုန်းက Electronic signal ကို ၂ ကြိမ် ကြားခဲ့ရတာဟာ အားတက်စရာဖြစ်ပေမဲ့ အတိအကျ ဘာမှ အဖြေမသိရသေးဘူးလို့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ကို လိုက်ရှာနေတဲ့နိုင်ငံစုံအဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

တရုတ်သင်္ဘောက ရတဲ့ Signal တွေဟာ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က ထုတ်လွှတ်နိုင်မယ့်Signal ကြိမ်နှုန်းနဲ့ သွားတူနေပေမဲ့ ဒီ Signal ဟာ ပျောက်နေတဲ့ မလေးရှားလေယာဉ်ဆီက ဟုတ် မဟုတ်ဆိုတာကို အခုအချိန်မှာ တာဝန်ရှိသူတွေ မပြောနိုင်သေးဘူးလို့ လေယာဉ်ပူးပေါင်းရှာဖွေရေး
နိုင်ငံစုံညှိနှိုင်းရေးမှူးချုပ် Angus Houston က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

WWE TV live