အင်္ဂလန်နိုင်ငံ၊ ဒိုဗာမြို့ က အသက် ၁၆ နှစ်အရွယ်
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ မြောင်းထဲ ကျသွားတဲ့ သူမရဲ့ iPhone ကို
ဆယ်ရင်း မြောင်းပေါက်ထဲ ညှပ်နေတဲ့အတွက် မီးသတ်သမားတွေက ကယ်ဆယ်ပေးခဲ့ရတဲ့
ဖြစ်ရပ်တစ်ခု ဗုဒ္ဓဟူးနေ့ က ဖြစ်ပွားခဲ့ပါတယ်။
မြောင်းပေါက်ထဲ
ညှပ်နေတဲ့ အယ်လာဟာ သူမရဲ့ လက်နှစ်ဖက်နဲ့ ထောက်ထားပြီး ခက်ခက်ခဲခဲ
ဖြစ်နေတာကို အသက် ၂၂ နှစ်အရွယ် တင်မ်ရစ်ချတ်က ကားမောင်းလာရင်းနဲ့ မြင်လို့ 
ဝင်ကူပေးခဲ့တာပါ။
“ တော်တော် ကြောင်တောင်တောင်နိုင်တဲ့မြင်ကွင်းပါ။
ကလေးမက မြောင်းပေါက်ထဲကနေ လွတ်ဖို့ ထက် သူ့  ဖုန်းကို ပြန်ရဖို့ ပိုပြီး
စိတ်လောနေတယ်”
အယ်လာဟာ ဖုန်းပြောနေရင်းနဲ့ မြောင်းပေါက်ထဲကို သူမ
iPhone ပြုတ်ကျ သွားတာပါ။ ဖုန်းဝယ်ထားတာ မကြာသေးဘဲ အသစ်ကြီးဖြစ်နေတဲ့အတွက်
သူမ ဘာသာ ဖုန်းကို ပြန်ဆယ်ဖို့ ကြိုးစားရင်းနဲ့ အခုလို မြောင်းပေါက်ထဲ
ညှပ်နေတာလို့ Metro သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အနားမှာရှိတဲ့ သူမအမေက
အရေးပေါ်ဌာနကို ဖုန်းလှမ်းဆက်ပြီး
အကူအညီတောင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုလို
အယ်လာတစ်ယောက် မြောင်းပေါက်ထဲညှပ်နေပေမယ့် သားအမိနှစ်ယောက်က ရယ်နေကြတယ်လို့ 
ဆိုပါတယ်။
အယ်လာကို မီးသတ်ဝန်ထမ်းတွေက မြောင်းပေါက်ထဲကနေ ဆွဲထုတ်ကယ်နိုင်ခဲ့ပေမယ့်
ဖုန်းကိုတော့ ပြန်မရခဲ့ပါဘူး။
Ref: huffingtonpost.com
Trend Myanmar
No comments:
Post a Comment