The Other Woman ရဲ့ စတားဖြစ်တဲ့ Kate Upton ဟာ သူမ ပေါ်ပြူလာဖြစ်တယ်၊
မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်မကတော့ ကျွန်မတတ်နိုင်သလောက်
အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တဲ့ အတွက် ဒီကျော်ကြားမှုတွေက ကျွန်မကို
ဖိအားမပေးပါဘူး။ ကိုယ်ကြိုးစားနိုင်သလောက် ကြိုးစားသွားမယ်။
ကိုယ်လုပ်နိုင်သလောက်ပေါ့’လို့လည်း ဆိုသွားပါတယ်။
Kate နဲ့အတူတူ
တွဲဖက်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ Cameron Diaz ကလည်း ကျော်ကြားမှုဆိုတဲ့အရာအပေါ်
Kate နဲ့ တူညီတဲ့ အမြင်မျိုးရှိနေပါတယ်။ သူတို့ဟာ တစ်ခြားသူတို့နဲ့
ကွဲပြားခြားနားနေတယ်လို့ မမြင်မိဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်ပြီး
ကိုယ့်ကိုယ်ကိုယ်သာ စောင့်ကြည့်နေသူတွေ အဖြစ်နဲ့ ရပ်တည်နေကြပါတယ်။ ဒါကို
Cameron Diaz က ‘ကိစ္စရပ်တွေ၊ အကြောင်းအရာတွေ အများကြီးအတွက်တော့
ကိုယ့်ကိုယ်ကိုယ် စိတ်ပူမနေအားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။
တစ်နေ့တာ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို ပြီးမြောက်အောင်
လုပ်ဆောင်ဖို့ အာရုံထားရမယ်။ ဒါဆို အခြားဘယ်အရာတွေကိုများ
စိတ်ပူဖို့လိုနေသေးလို့လဲ။ ဘ၀ကြီးက အေးအေးဆေးဆေး သာသာယာယာပါပဲ’လို့ Star
မဂ္ဂဇင်းမှာ ပြောသွားပါတယ်။
Trend Myanmar
No comments:
Post a Comment