ခရမ်းမြို့ အချုပ်ခန်းအတွင်းမှ အမျိုးသားတစ်ဦးသေဆုံးမှု မိသားစုမှ
သက်ဆိုင်ရာအလောင်းရင်ခွဲရုံရောက်မှသာသိရှိခဲ့ရကြောင်း သေဆုံးသူ၏ဇနီးက
ပြောသည်။ မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ ခွဲခန့်တွင် ခရမ်းမြို့ (၁)ရပ်ကွက်၌
နေထိုင်သော မစံပယ်မှ ၎င်း၏အမျိုးသား အသက် ၄၁နှစ်ရှိ ကိုဖိုးဇော်မှာ
အရက်မူးပြီး သောင်းကျန်းနေသောကြောင့် ရဲစခန်းမှ ထိန်းသိမ်းပေးပါရန်
ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်အပ်နှံခဲ့သည်။
ထိုသို့အပ်နှံပြီးနောက်နေ့နံနက် ၉ နာရီ ကျော် အချိန်တွင်၎င်း၏အမျိုးသားအား
ရဲစခန်းမှ ဆိုက်ကား ဖြင့်မြို့နယ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း၊ မြို့နယ်
ဆေးရုံ ရင်ခွဲရုံတွင်ထားကြောင်း မောင်ဝမ်းကွဲတော်စပ်သူမှ
လာရောက်ပြောကြားသဖြင့်သွားရောက် ကြည့်ရှု ရာ ကိုဖိုးဇော်
အားရင်ခွဲရုံတွင်ရင်ခွဲပြီးပြီဟု သေဆုံးသူ၏ဇနီး မစံပယ်မှ ပြောသည်။
''ကျွန်မဖြင့် ယုံတောင်မယုံဘူး။ ဘာရောဂါမှလည်း ရှိတာမဟုတ်ဘဲနဲ့။ တစ်ညလောက်
အချုပ်ခန်းထဲမှာနေပြီး မနက်ကျတော့သေပြီတဲ့။ ရင်ခွဲရုံလိုက်သွားလို့ အ
လောင်းကိုတွေ့မှယုံတော့တယ်''ဟု မစံပယ်ကပြောသည်။ သေဆုံးကြောင်း
ကြားသိရချင်းမှာပင် ၎င်း၏သားဖြစ်သူမှာသွားရောက်ကြည့်ရှုသော်လည်း
ဝင်ခွင့်မပေးခဲ့ဘဲ ရဲများအား အစောင့်အဖြစ်ထားရှိကာ ရင်ခွဲပြီး အလောင်းပြန်
ထုတ်ခွင့်ရှိပြီဟုပြောမှသာ အလောင်းအား ပြန်ထုတ်ခဲ့ရကြောင်း
မစံပယ်ကဆက်ပြောသည်။
ထို့နောက် ကိုဖိုးဇော်၏ ရုပ်ကလာပ်အား သယ်ဆောင်ရန် လက်မှတ် ထိုးခိုင်းပြီး
ရုပ်ကလာပ်အား ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း၊ ကိုဖိုးဇော်သေဆုံးမှု နှင့်
ပတ်သက်၍ ရဲစခန်းမှအသိပေးခြင်းမရှိကြောင်း၊
ကိုဖိုးဇော်အလောင်းအားရင်ခွဲရာတွင်လည်း ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်း
၎င်းမိသားစုထံမှ သိရသည်။
ထိုသို့ ပြန်လည်သယ်ဆောင်လာစဉ် ကိုဖိုးဇော်မှာ ဝမ်းဗို
က်နံစောင်းနှင့်နောက်ကျောတို့တွင် ညိုမည်းဒဏ်ရာများနှင့် သွား
ဖုံးရောင်ဒဏ်ရာများရရှိထား သည်ကိုတွေ ရှိရကြောင်း မစံပယ်က ပြောသည်။ ထိုသို့
ရဲစခန်းအတွင်းသေဆုံးမှုနှင့်ပတ်သက်၍ ခရမ်းမြို့နယ်ရဲစခန်းမှ
တာဝန်ရှိသူများက သေဆုံးသူ ကိုဖိုးဇော်သည် မနက်ပိုင်းတွင် ကျပ်တယ်ကျပ်တယ်
ဟုပြောဆိုပြီးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု
ပြောဆိုကြောင်း မစံပယ်က ပြောသည်။
ကိုဖိုးဇော်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲ စခန်းသို့ ပို့ဆောင်စဉ်
မည်သည့်ဒဏ်ရာတစ်စုံတစ်ရာ မှ မရှိဘဲ ပို့ဆောင်အပ်နှံခဲ့ကြောင်း မစံပယ်၏
ပြောပြချက်အရ သိရသည်။
ခရမ်းမြို့ ရဲစခန်းမှ သေဆုံးသူ ကိုဖိုးဇော်အား အချုပ်ခန်းအတွင်း
ချုပ်နှောင်ထားစဉ်အချုပ်သားများ ဘုရားရှိခိုးချိန်တွင် ကိုဖိုးဇော်မှာမူး၍
ဘုရားစာများကိုကျော်ဆိုခြင်းကြောင့် အချုပ်သား ရဲလင်းထွန်းဆို သူမှ ဘုရားစာကိုဘာလို့ကျော်ဆိုတာလဲဟု ပြောကာ ခြေထောက်ဖြင့်ထကန်
ခဲ့ကြောင်း၊ ထိုသို့ ခြေထောက် ဖြင့် ထကန်ခဲ့သောကြောင့်တာဝန်
ကျရဲအရာရှိတစ်ဦး မှ တားခဲ့ပြီးရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် ကိုဖိုးဇော်
မှာ အသက်ရှူသံမမှန်သောကြောင့် ဆေးရုံသို့တင်ပို့ စဉ်
သေဆုံးသွားသောကြောင့် ရဲလင်းထွန်းအား ပုဒ်မ ၃ဝ၄(က)ဖြင့်
အရေးယူ အမှုဖွင့်ထားကြောင်းသိရသည်။
ကိုဖိုးဇော်သေဆုံးမှုနှင့်ပတ်သက်၍ ဆေးရုံ၏ဆေးစာတွင် ကိုဖိုးဇော်မှာ
တုံးသောအရာဝတ္ထုတစ်ခု နှင့်အရိုက်ခံရသောကြောင့် အသည်း ကွဲကြေဒဏ်ရာ ရရှိပြီး
သေဆုံးသွားခြင်းဖြစ်ကြောင်း ရေး သား ဖော်ပြ ထားသည်။
ခရမ်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမြင့်လှိုင်က
''အချုပ်ထဲမှာတုံးတဲ့လက်နက် မပြောနဲ့ ဘာလက်နက်မှမရှိဘူး။ ဒီကိစ္စက
မဖြစ်နိုင်ဘူး။ အစ်ကိုတို့ ဆရာဝန်ကြီးကို မေးတော့ ဆရာဝန်ကြီးက ပြော တာကတော့
ဒီကိစ္စက ရိုးရိုးလူသေမှု မဟုတ်ဘူး။ လူသတ်မှုပါ လို့ ပြောခဲ့တယ်''ဟု ပြောသည်။
ကိုဖိုးဇော်သေဆုံးမှုနှင့်ပတ်သက်၍ ခရမ်းမြို့ နယ်နေ ပြည်သူပြည် သားများကလည်း အလွန်စိတ်ဝင် စားနေကြောင်း သိရသည်။
ဖိုးလပြည့်၊ ဇေဝေယံ
Popular Myanmar News Journal
No comments:
Post a Comment