07 April 2014
ဒေါ်အောင်ဆန်းစုကြည်ကို သံချပ်အဖွဲ့ သွားရောက်ဖျော်ဖြေ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ 'တန်ခူးရင်ခွင်' သံချပ်အဖွဲ့ ဒီနေ့ ညနေပိုင်းက သွားရောက်ပြီး သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။
သင်္ကြန်မတိုင်ခင်မှာ အခုလို သံချပ်ဖျော်ဖြေရတဲ့အကြောင်းကို တန်ခူးရင်ခွင် သံချပ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ခုလိုရှင်းပြပါတယ်။
"ကျနော်တို့ ဒီနေ့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တန်းခူးရင်ခွင် သံချပ်အဖွဲ့ကပါ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို လူဦးရေ ၂ဝ ကျော်နဲ့ လာပါတယ်၊ သံချပ်ထိုးနေတဲ့ လူတွေအပြင် နောက်က အထောက်အကူပြုအဖွဲ့တွေ ပါပါသေးတယ်၊ မူလကတော့ သင်္ကြန်အတွင်းမှာ ဖျော်ဖြေဖို့စီစဉ်ထားတာပါ၊ ဒါပေမဲ့ အန်တီက ဂျာမနီ၊ ပြင်သစ် ခရီးစဉ်ရှိတယ်ဆိုတာ သိရတဲ့အတွက် ကြိုလာဖျော်ဖြေတာဖြစ်ပါတယ်"
တန်ခူးရင်ခွင် သံချပ်အဖွဲ့ဟာ သင်္ကြန်ကာလမှာ ရန်ကုန်မြို့က ဖိတ်ကြားထားတဲ့နေရာတွေ၊ ရေကစားမဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment