ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း
ရန်ကုန်၊ ဧပြီ ၆- ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် မြန်မာ နိုင်ငံ
တွင် ကြုံတွေ့ရလာ ဖွယ်ရှိသည့်နိုင် ငံရေး အကျပ်အတည်းများကိုကျော်
လွှားနိုင်ရန် အတွက် မြန်မာနိုင်ငံ အ တွင်း သြဇာတိက္ကမကြီးမားသူများအ ကြား
တွေ့ဆုံဆွေးနွေး မှု ပြုလုပ်နိုင် ရန် အရေးကြီးကြောင်း ပြည်ထောင်
စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ဧပြီ ၆ရက် နံနက်ပိုင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦး ရွှေမန်းနှင့်
ဒီမို ကရေစီတူဒေးတို့၏ သီးသန့်တွေ့ဆုံမေးမြန်း မှုတွင် အခြေ ခံဥပဒေပုဒ်မ
၅၉(စ) ပြင် ဆင်ရေးနှင့် ပတ်သက် ပြီးမေးမြန်း မှု အ ပေါ်ပြန် လည်ဖြေ
ကြားရာတွင် ယင်းကဲ့ သို့ ပြောကြား လိုက်ခြင်းဖြစ် သည်။
““ပုဒ်မ ၅၉(စ)က ဒေါ်အောင် ဆန်းစုကြည်နဲ့တင်မကဘူး။ အားလုံး နဲ့ဆိုင်တယ်။
တစ်ဖက်မှာလဲ ဖွဲ့စည်း ပုံမပြင်လဲ အင်န်အယ်လ်ဒီ ကရွေး ကောက်ပွဲဝင်မယ်
ပြောထားတယ်။ ဒါကလဲကောင်းတဲ့အချက်ပဲ။ ဖွဲ့စည်း ပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့
အကျပ် အတည်းကြုံမှာကို စိုးရိမ်ပူပန်သူတွေလဲ ရှိတယ်။ နိုင်ငံရေးကတော့
ဆက်ပြီး သွားရမှာပဲ။ အကျပ်အတည်းက ကြုံ ကောင်းလဲ ကြုံနိုင်တယ်။ အခက်အခဲ
တွေကိုကျော်လွှားရလိမ့်မယ်။ ကျော် လွှားနိုင်အောင်မ လုပ်တဲ့သူတွေ က ပြု
ပြင်ပြောင်းလဲရေး မလုပ်တဲ့သူတွေ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအပါ အဝင်
နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် သြဇာကြီးမားသူတွေ တွေ့ဆုံဆွေးနွေး
နိုင်ဖို့ သိပ်ကိုအရေးကြီးတယ်””ဟု သူရ ဦးရွှေမန်းက ဒီမိုကရေစီတူဒေးသို့
ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ သြဇာကြီးမားသူများဖြစ်
သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နှင့်
လေးပွင့်ဆိုင်ဆွေး နွေးခွင့်ရရန် အမျိုးသား ဒီမိုကရေစီအ
ဖွဲ့ချုပ်ဥက္ကဋ္ဌဌဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုထား သည်။
ယင်းကဲ့သို့ ထုတ်ဖော်ပြောကြား မှုနှင့်ပတ်သက်ပြီး ““ပြောပုံအရတော့
လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အဓိက ပြောပုံ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် တို့က
တောင်းထားတယ်ဆိုတော့ နီး စပ်မှုရှိ ကြောင်း ပြတာလဲ ဖြစ်နိုင်တယ်”” ဟု
မြန်မာ့နိုင်ငံရေးလေ့ လာသူ ကို ကျော် လင်းဦးက သုံးသပ်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် မြန်မာ့တပ်မတော်ကို ဒီမိုကရက် တစ်နည်းကျ
တပ်မတော်အဖြစ်ရှိရန် လိုလားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သူမ၏
သမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားသည့် ပုဒ်မ၅၉ (စ) နှင့် ပုဒ်မ-၄၃၆
ကဲ့သို့သောပုဒ်မ မျိုးအထိ ပြင် ဆင်ပေး ရန် တောင်းဆိုထားကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ခြင်း ပုဒ်မ-၄၃၆အရ ဖွဲ့စည်းပုံပြင် ဆင်ပါက
လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းအပါအဝင် တပ်မတော် သားကိုယ်စားလှယ်
အနည်းဆုံးတစ် ဦးက ပြင်ဆင် ရေး ကိုထောက်ခံမှသာ ဖွဲ့စည်းပုံကို ပြင်နိုင်
မည်ဖြစ်သဖြင့် နိုင်ငံရေးလှုပ်ရှားသူအများစုက ယင်း ပုဒ်မကိုပြင်ဆင်ရန်
လက်ရှိအချိန်တွင် တောင်းဆိုနေကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းအနေဖြင့် လွှတ် တော်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအ
ခြေခံဥပဒေပြင်ဆင်ခြင်း အကောင် အထည်ဖော်ရေး ကော်မတီ ကို ဖွဲ့စည်း ပေးထားသလို
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအတွင်း အပြီးသတ် ပြင်ဆင်နိုင်ရန်
အဆိုပါကော်မတီကို လမ်းညွှန်မှုပေးထားကြောင်း သိရသည်။
လေ့လာသုံးသပ်သူများ၏အဆိုအရ အစိုးရနှင့် တပ်မတော်ကာကွယ်
ရေးဦးစီးချုပ်တို့အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် တပ်မတော်၏ အခန်း
ကဏ္ဍဍကိုမလျှော့ချဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ခြင်း အခန်း(၁၂) ပုဒ်မ
-၄၃၆ပါ ပြဋ္ဌဌာန်း ချက်များဖြင့်သာ ပြင် ဆင်လိုနေသည်ဟု သုံးသပ်ကြသည်။
ယင်းအပြင် တပ်မတော်အနေဖြင့် အစိုး ရမှ အကောင် ထည်ဖော်နေသည့် ပြည်တွင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက်လည်း အာမခံပေးထားပြီး အစိုးရနှင့်
တိုင်းရင်းသားများ အပါ ဝင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေး
နွေးပွဲကျင်းပမည့် အစိုးရ၏ အစီအစဉ် အား ထောက် ခံမှုပေး ထားပုံရသည်ဟု နိုင်
ငံရေးလေ့ လာသူများက ပြောသည်။
““သမ္မတနဲ့ ကာကွယ်ရေးဦးစီး ချုပ်တို့က ဖွဲ့စည်းပုံပြင်ရေးထက် တိုင်း ရင်းသား
ငြိမ်းချမ်းရေးကိစ္စကို အလေး ပေးနေ တာတွေရ တယ်၊ ဒီလေးယောက် တည်းနဲ့
ဖွဲ့စည်းပုံအပါဝင် နိုင်ငံရေး ပြသနာတွေ ဖြေရှင်းနိုင်မယ်လို့ ယုံ
ကြည်ထားပုံ မရဘူး ၊ အားလုံး ပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှသာ
နိုင်ငံရေး ပြသနာတွေကို အဖြေရှာနိုင်မယ် လို့ ယူဆပုံရတယ်”ဟု ကိုကျော်လင်း
ဦးက ပြောသည်။
[--Democracy today Daily Newspaper--]
No comments:
Post a Comment