အမေရိကန်ရေတပ်၏ သမုဒ္ဒရာအင်ဂျင်နီယာဌာနဒါရိုက်တာ ကပ္ပတိန်မာ့က်မတ်သယူးက
မလေးရှားလေယာဉ်ရှာဖွေရေးတွင်အသုံးပြုမည့် ကိရိယာတစ်ခုအကြောင်း သြစ တြေးလျ
စစ်သင်္ဘောပေါ်တွင် ရှင်းပြနေစဉ် (AFP)
ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ် MH 370 အား ဂြိုဟ်တုမှတွေ့ရသော
အရာဝတ္ထုများကို ခြေရာခံ၍ ဧရိယာ သစ် သတ်မှတ်ရှာဖွေမှုမှာမအောင်မြင်ခဲ့ကြောင်း
သြစတြေး လျ ပင်လယ်ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA)က
တနင်္ဂနွေနေ့တွင် ပြောကြား သည်။
ထိုအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ များမှ ရရှိသော အချက်အလက် များကို အခြေခံ၍
လေယာဉ်များ၊ သင်္ဘောများဖြင့် ရှာဖွေခဲ့ရာတွင် တွေ့ရှိရသော အပျက်အစီး
အရာဝတ္ထုများသည် လေယာဉ်မှမဟုတ်ကြောင်း AMSA အဖွဲ့က ဆိုသည်။
‘‘အဲဒီအရာတွေဟာ ငါးဖမ်းကိရိယာတွေနဲ့ ပင်လယ်ပြင်မျက်နှာပြင်ပေါ် မျောပါနေတဲ့
အမှိုက်တွေ ဖြစ်ပုံရပါတယ်’’ဟု AMSA ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့ မှ အနောက်ဘက်ကီလိုမီတာ ၁,၈၅၀ (မိုင် ၁,၁၅၀)
တွင် စနေ နေ့က နေရာသစ်သတ်မှတ်ရှာဖွေ ခဲ့မှုတွင် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊
မလေးရှား၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန် စသည့်ခုနစ်နိုင်ငံမှ
စစ်တပ်များ ပါဝင်ခဲ့ပြီး သြစတြေးလျကာကွယ်ရေးဦးစီးချုပ်ဟောင်း
အန်းဂတ်စ်ဟောက်စတန်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဟောက်စတန်သည် ရှာဖွေ ရေးလုပ်ငန်းများကို ဦးဆောင်မည့်အပြင် ရှာဖွေရေးတွင်
ပါဝင်သည့် သက်ဆိုင်ရာ နိုင်ငံများကြား သံတမန်ရေးကိစ္စများ၊ လေယာဉ် တွင်
ပါသွားသူများ၏ မိသားစုများ ထံ နောက်ဆုံးရသတင်းများ ပေး ပို့ခြင်း၊
ဗီဇာထုတ်ပေးခြင်း၊ အကြံ ဉာဏ်ပေးခြင်းနှင့် နှစ်သိမ့်ဆွေး နွေးခြင်း
လုပ်ငန်းများကိုလည်း လုပ်ကိုင် ပေးသွားမည်ဖြစ် ကြောင်း အဖွဲ့ကဆိုသည်။
တရုတ်သင်္ဘောသုံးစီး အပါအဝင် စုစုပေါင်း သင်္ဘောလေးစီးသည် ရှာဖွေရေးဧရိယာထဲတွင်
ရောက်ရှိနေပြီး နောက်ထပ်သင်္ဘောခြောက်စီးမှာလည်း ထိုဇုန်သို့ တနင်္ဂနွေညနေတွင်
ရောက်ရှိလာမည်ဖြစ်ကြောင်းဆိုသည်။
လေယာဉ်ရှာဖွေမှုတွင် နယူးဇီလန်နိုင်ငံလည်း စနေနေ့၌ ပင်လယ်ပြင်တွင် အရာဝတ္ထု
၇၀ ခန့် မြင်တွေ့ခဲ့ကြောင်း နယူးဇီလန်လေတပ်ဒုစစ်ဦးစီးချုပ် ကီဗင်ရှော့က
ပြောသည်။
‘‘ဒီအလုပ်က ပင်လယ်ပြင် ကျယ်ကြီးထဲမှာ သေးငယ်တဲ့အ ရာတွေကို
ပိုက်စိပ်တိုက်ရှာရတာ ကြောင့် ခက်ခဲပင်ပန်းတဲ့ အလုပ် ဖြစ်ပါတယ်။
အာရုံစူးစိုက်မှု အ ပြည့်လိုအပ်တာပါ’’ဟု ကီဗင်ရှော့ကပြောသည်။
လက်ရှိတွင် စနေနေ့က တရုတ်၊ သြစတြေးလျနှင့် နယူး ဇီလန်တို့ တွေ့ခဲ့ရသော
အရာဝတ္ထုအပိုင်းအစရုပ်ပုံများမှာ လေယာဉ်ပျက်မှ ဖြစ်နိုင်သည်ဟု
သတ်မှတ်ရန်ခက်ခဲပြီး ခိုင်မာသည့် သဲလွန်စများ
ဖြစ်နိုင်ခြေအလွန်နည်းပါးနေခဲ့သည်။
ထိုအတောအတွင်း လေယာဉ်ပေါ် ပါသွားသူများ၏ ဆွေမျိုးများထဲမှ တရုတ်နိုင်ငံသား
၅၀ ခန့်မှာ မလေးရှားအာဏာပိုင်များထံမှ ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်သည့်
အဖြေများကို တောင်းဆိုရန် ကွာလာလမ်ပူသို့ တနင်္ဂနွေနေ့အစောပိုင်းတွင်
ရောက်ရှိလာ ခဲ့ကြသည်။
တနင်္ဂနွေနေ့ ရှာဖွေမှုများ တွင် သြစတြေးလျ၊ မလေးရှား၊ တရုတ်၊ ဂျပန်နှင့်
အမေရိကန်နိုင်ငံတို့ မှ လေယာဉ်စုစုပေါင်း ဆယ်စီး ပါဝင်မည်ဟု ကြေညာထားသည်။
—Ref: AFP
7day daily
No comments:
Post a Comment