01 April 2014

ကိုယ့်ကို လာအပ်တဲ့ အလုပ်အပေါ် အကောင်းဆုံး ဖြစ်အောင် လုပ်တယ် ဆိုတဲ့ စိုးပြည့်သဇင်


ရုပ်ရှင် ၊ဗီဒီယို ၊ကြော်ငြာတွေ ရိုက်ကူးရင်း ဂီတ ဘက်ကိုလည်း လျှောက်လှမ်းနေသူ စိုးပြည့်သဇင် က နောက်ထပ် ဒုတိယစီးရီး ထွက်ရှိနိုင်ဖို့ အတွက်လည်း စီစဉ်နေ တယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက်နေ့က ဒါရိုက်တာ မလိခ (စိုးထိုက်အောင်) နဲ့ ရိုက်ကူးတဲ့ Yamasu အမှတ်တံဆိပ် ထီးကြော်ငြာ မှာကြော်ငြာ ရိုက်ကူး ရင်းကြော်ငြာ အတွက် သီချင်းကိုလည်း ကိုယ်တိုင် သီဆိုထားကြောင်းကို စိုးပြည့်သဇင်က “ကြော်ငြာ ရိုက်တယ် ဆိုတာက ရုပ်ရှင် ရိုက်တာ နဲ့ မတူ ဘူးလေ။ စက္ကန့် သုံးဆယ်လေးဆယ် လောက် အတွင်းမှာ ပရိသတ်ကို ဆွဲဆောင်နိုင်အောင် လုပ်ရတာ ဆိုတော့ ကိုယ်ကြော်ငြာတဲ့ Product လည်းပေါ်အောင် ဒါရိုက်တာ လုပ်ခိုင်းတဲ့ အတိုင်း လုပ်ရတယ်။


သီချင်းနဲ့ရော ကိုယ်အမူအရာ နဲ့ရော တစ်ထပ်တည်း ကျအောင် လုပ်ရတယ်။ ကိုယ့် ကိုလာအပ်တဲ့အလုပ် မှန်သမျှကို စေတနာ ထားပြီး အ ကောင်းဆုံးဖြစ် အောင် လုပ်တယ်။ အခုရိုက်တဲ့ Yamasu ဆိုလည်းအောင်မြင်ပြီးသား Product တစ်ခုပါ ဒီကြော်ငြာသီချင်း ကိုလည်း ကိုယ်တိုင် ဆိုထားတာပါ။ ကိုယ်တိုင်လည်း ဆိုတဲ့ အတွက် လုပ်ရ တာပိုပြီး Mood ဝင်တယ်။ အဆင် ပြေတယ်။ အဲဒီသီချင်းကို ကိုစိုးလင်း ရေးပေးခဲ့တာ။ ဂီတလိုင်း ဘက်ကိုလည်း ဝါသနာပါတဲ့ အတွက် ဒုတိယစီးရီးကို လည်း ဒီနှစ် ကုန်လောက်မှာ စီဒီထွက် နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ သင်္ကြန်ရက်တွေမှာ ဘယ်မှာ ရှိမလဲလို့ မေးကြည့်တော့ “စိုးပြည့် သင်္ကြန်ရက်တွေမှာ နေပြည်တော်က Sky Net မဏ္ဍပ်မှာရှိမှာပါ။ သင်္ကြန် အကြိုနေ့ကနေ စပြီး သင်္ကြန်ပြီးမှ ရန်ကုန်ပြန်လာမယ်” လို့ သင်္ကြန်ရက် အတွင်း အစီအစဉ် များနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်/popularmyanmar

No comments:

Post a Comment