အဖော်အချွတ်ဓာတ်ပုံရိုက်၍ မော်လ်ဒယ်တစ်ဦး ထောင်ချခံရ

|
အင်္ဂလန် နိုင်ငံ က အသက် (၁၉) နှစ် သာရှိသေးတဲ့ မော်ဒယ် တစ်ဦး ဟာ အမြင်မတော်
တဲ့ နေရာမှာ အဖော် အချွတ် ဓာတ်ပုံ ရိုက် ခဲ့လို့ ထောင်ဒဏ် (၄၅) ရက် ချမှတ်
ခံရတယ် လို့ သိ ရပါတယ်။ ဗယ်လာရီဒါ ဟာ သူတက် ရောက်သင်ကြား ခဲ့တဲ့ ကက်သလစ်
အထက်တန်း ကျောင်းနဲ့ ဘောလုံးကွင်း တွေမှာ သွား ရောက်ပြီး
အဖော်အချွတ်ဓာတ်ပုံတွေ ရိုက် ကူးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီး
ခဲ့တဲ့ ဇွန်လ က စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး တားမြစ်ထားတဲ့ နေရာကို
အခွင့်မရှိဘဲ ၀င် ရောက်ခဲ့မှု၊ အများ ပြည်သူ မြင်ကွင်း မှာ မဖွယ် မရာ
ဓာတ်ပုံရိုက်ကူးမှုစတဲ့ စွဲချက်တွေနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။
ဗယ်လာရီက သူ့အနေနဲ့ မော်ဒယ်အ ဖြစ် ပြုလုပ်နေတာကို ကျောင်းက ဆရာတွေနဲ့
သူငယ်ချင်းဖြစ်သူ တွေ အားပေး ထောက်ခံမှု ရဖို့
အခုလိုပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပြီး သူ့ အပေါ်ချမှတ် ထား တဲ့ ပြစ်ဒဏ်က
လည်း တရားမျှတမှု လုံးဝမရှိဘူးလို့ ဝေဖန် ခဲ့ပါတယ်။ ဗယ်လာရီဟာ အဖော် အချွတ်
ဓာတ်ပုံ တွေကို သူ့ရဲ့ ၀က်ဘ် ဆိုက်မှာ လွှင့်တင်ထားခြင်းဖြစ် ပြီး
ဝက်ဘက်ဆိုက် မန်နေဂျာ ရှိန်းဟာ ရင်တန် ကလည်း ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်လိုက်
ခြင်းဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဗယ်လာရီရဲ့ရှေ့နေတွေကတော့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အတွက် အယူခံ ၀င်သွားဖို့
စီစဉ်ထားကြောင်း သိရပါတယ်။
The Messenger
|
|
|
|
|
|
No comments:
Post a Comment