02 April 2014

မြန်မာပြည်အထက်ပိုင်း လေပြင်းတိုက်နိုင်


မြန်မာနိုင်ငံအထက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိ အကျုံးဝင်တဲ့ မိုးဦးလေဦးကာလမှာ နေ့အပူချိန်တွေ မြင့်တက်တာကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ် တတ်တယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

208မိုးတိမ်တောင်တွေကြောင့် လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ ရှိတဲ့ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။
ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ အချိန်နဲ့ နေရာဒေသတွေကို ဦးချစ်ကျော်က ခုလို ပြောပြပါတယ်။

“အခုလို ဧပြီ လဆန်းကတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အဖြစ်များတယ်။ ဧပြီလကုန်နဲ့ မေလဆန်းမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး ဆိုတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်နယ်ဘက်မှာ အဖြစ်များတယ်။”

မိုးဦးလေဦးကာလမှာ မြေပြင်မှာ လေဆင်နှာမောင်း၊ ရေပြင်မှာ ရေဆင်နှာမောင်းလို မုန်တိုင်းတွေအဖြစ် များတာကြောင့် ကမ်းနီးကမ်းဝေးသွား လှေသင်္ဘောတွေ သတိထား ခုတ်မောင်သွားလာကြဖို့လဲ သူက တိုက်တွန်းပါတယ်။

မုံရွာခရိုင် မိုးလေ၀သဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လိုက်မြို့မှာ ဧပြီ ၁ ရက်နေ့ ညနေပိုင်းတုန်း မိနစ် ၂၀ ကြာ လေပြင်း တိုက်ခတ်သွားတယ်လို့ ပြောပါတယ်။

DVB Burmese

No comments:

Post a Comment