08 April 2014
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လူသတ်မှုအများ ဆုံးဖြစ်ပွား
မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု၌၂၀၁၄ ခုနှစ် မတ်လအတွင်း လူသတ်မှုစုစုပေါင်း ၁၂၃မှုဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် လူသတ်မှုအများဆုံးဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၌ မတ်လအတွင်း လူသတ်မှု ၁၇ မှုဖြစ်ပွားခဲ့ပြီး လူသတ်မှု အများဆုံးဖြစ်ပွားသည့် တိုင်းဒေသကြီးဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးတွင် ၁၆ မှု ဖြစ်ပွားပြီး ဒုတိယအများဆုံး တိုင်းဒေသကြီးဖြစ် သည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ၁၁ မှုစီ ဖြစ်ပွား ခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင်ကိုးမှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူသတ်မှုနှစ်မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှု အနည်းဆုံးဖြစ်ပွားသည့် တိုင်းဒေသကြီးအဖြစ် ရပ်တည်လျက်ရှိသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် လူသတ်မှုလေးမှု ဖြစ်ပွား ခဲ့သည်။ ရှမ်းပြည်နယ်တွင် မတ်လအတွင်း လူသတ်မှု ၁၅မှု ဖြစ်ပွားပြီး လူသတ်မှု
အများဆုံးဖြစ်ပွားသည့် ပြည်နယ်အဖြစ်ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ၁၃ မှုဖြစ်ပွားပြီး လူသတ်မှု ဒုတိယအများ ဆုံးပြည်နယ် ဖြစ်သည်။
မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ငါးမှု၊ကရင်ပြည်နယ်တွင် သုံးမှုနှင့်ချင်းပြည် နယ်တွင် တစ်မှုဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်တွင် လူသတ်မှုဖြစ်ပွားခြင်းမရှိခဲ့ပေ။
လူသတ်မှုအများဆုံးဖြစ်ပွားသည့်တိုင်းဒေသကြီးများမှာ ယေဘုယျအားဖြင့် လူဦးရေထူထပ်များပြားခြင်း၊ ဖြစ်ပွား ရသည့်အကြောင်းရင်း များမှာကိုယ်ကျင့်သိက္ခာ ဖောက်ပြားခြင်း၊မူးယစ်သောက်စား ရမ်းကားခြင်း၊ လူမှုရေး ချို့ယွင်းအားနည်းခြင်း၊ အသိပညာ၊ အတတ်ပညာ ချို့ယွင်းအားနည်းခြင်းများကြောင့် အများဆုံး ဖြစ်ပွား ရကြောင်း လေ့လာတွေ့ရှိရသည်။
MOI Webportal Myanmar
No comments:
Post a Comment