လက်ထပ်
ထားသည့် သို့မဟုတ် စေ့စပ် ထားသည့် စုံတွဲ အများစုသည် အနည်းဆုံး အွန်လိုင်း
အကောင့် တစ်ခု ၏ လျှို့ဝှက်နံပါတ် Password ကို မျှဝေ သုံးစွဲလေ့
ရှိကြောင်း Pew သုတေသန အဖွဲ့မှ လေ့လာမှုများ အရ သိရှိရသည်။ ဆက်ဆံရေး ရှည်ကြာ
လာခဲ့ သည့် စုံတွဲ အများစုမှာ ယုံကြည် မှုကို ဖော်ပြသည့် အနေဖြင့် ယင်း
ကဲ့သို့ ဝေမျှ သုံးစွဲခြင်းဖြစ် သည်ဟု သိရသည်။
သို့သော်
မည်သည့် လျှို့ဝှက် နံပါတ်မျိုး ကို မျှဝေ သုံးစွဲကြောင်း တော့ မသိရှိရပေ။
Netflix နှင့် Seamless ကဲ့သို့သော အကောင့် များကို အတူ နေထိုင်
သူနှင့် မျှဝေ သုံးစွဲသည်မှာ အဓိပ္ပာယ်ရှိသော် လည်း အီးမေးလ် နှင့်
ဖေ့ဘွတ်ခ် တို့ ကဲ့သို့သော အကောင့်များကို မျှဝေ သုံးစွဲခြင်း သည် ပိုမို
ပွင့်လင်းမှု တစ် မျိုးဟု ယူဆကြ သည်။
လျှို့ဝှက် နံပါတ်ကို မျှဝေသုံး စွဲခြင်း သည် အသက် အရွယ်နှင့် မသက် ဆိုင်ကြောင်း လေ့လာမှုများ အရ သိရှိ ရသည်။
ဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ (၅၀၀၀၀) အထက် ရရှိသော အိမ်ထောင်စု
များသည် တခြားအိမ် ထောင်စုများ ထက် ထိုသို့မျှဝေ သုံးစွဲလေ့ ရှိကြောင်း သိရ
သည်။
တချို့သော စုံတွဲများ မှာ လျှို့ဝှက် နံပါတ် ကိုသာမက အီးမေးလ် အကောင့် ကိုပါ မျှဝေသုံးစွဲ လေ့ရှိကြ ကြောင်း သိရသည်။
အသက် ၁၈ နှစ်မှ ၂၉ နှစ် ကြား စုံတွဲများ အနက် (၁၂) ရာခိုင်နှုန်း
မှာ အီးမေးလ် အကောင့်ကို မျှဝေ သုံးစွဲ တတ်ကြပြီး၊ အသက် (၆၅) နှစ် အထက်
စုံတွဲများ အီးမေးလ် အကောင့် မျှဝေ သုံးစွဲမှုမှာ (၄၇) ရာခိုင်နှုန်း
ထိရှိကြောင်း သိရှိရသည်။
Source: Daily Mail
The Messenger
No comments:
Post a Comment