31 March 2014

NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင် သတိပြန်လည်လာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဆရာကြီးဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားရာကနေ သတိရလာပြီး လှုပ်ရှားနိုင်သလို သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်တုန်းကတော့ ခါးနာဝေဒနာကြောင့် ဆေးရုံပြသခဲ့ရာကနေ အသက်ရှူရပ်သလို ဖြစ်ခဲ့တဲ့အတွက် ရန်ကုန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။
ဦးဝင်တင်ဆေးရုံတက်နေစဉ်အတွင်း နိုင်ငံရေးသမားတွေ၊ စာပေသမားတွေနဲ့ တခြားအနုပညာရှင်တွေလည်း သွားရောက်ကြည့်ရှုနေကြပါတယ်။
မနေ့က ထုတ်ပြန်တဲ့ အထူးကုဆရာဝန်များရဲ့ သုံးသပ်ချက်အရ လူနာရဲ့ အခြေအနေဟာ စိတ်ကျေနပ်လောက်တဲ့ အခြေအနေ မရှိသေးပေမယ့် တိုးတက်မှု ရှိလာတဲ့အကြောင်း၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ လေပြွန်က လေရှူထုတ်နိုင်မှုတွေ

 ကောင်းလာကြောင်း ဖော်ပြထားပါတယ်။
လေပြွန်တပ်ပြီး ဆေးထိုးထားတဲ့အတွက် လူနာရဲ့ အခြေအနေကို ၇၂ နာရီကြာ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆရာနဲ့ နီးစပ်သူတွေရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။

ABC Radio Australia - မြန်မာပိုင်း

No comments:

Post a Comment