ထပ်မံသိရှိရတဲ့ ဂြိုဟ်တုနဲ့ ရေဒါ အချက်အလက်တွေ အရ လေယာဉ်ဟာ
ခြေရာပျောက်သွားပြီးနောက်မှာ လမ်းကြောင်းပြောင်းလိုက်ပြီး နောက်ထပ် ၇
နာရီလောက် ဆက်လက် ပျံသန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။
လေယာဉ်ဟာ ထွက်ခွာပြီး တစ်နာရီလောက်အထိ အရှေ့ဘက် တောင်တရုတ်ပင်လယ်ကို ဦးတည်
ပျံသန်းနေခဲ့ပြီးမှ ဗီယက်နမ် လေပိုင်နက်နဲ့ မလေးရှား လေပိုင်နက် စပ်ကြား
အရောက်မှာ လေယာဉ်ကို ခြေရာခံနိုင်တဲ့ transponder ကို တစ်စုံတစ်ယောက်က
ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်သုံး ရေဒါက တွေ့ရှိချက်အရ အဲဒီနောက်မှာ မလေးရှားဘက် ပြန်လှည့်ခဲ့ပြီး
တစ်ခါ အနောက်မြောက်ဘက်ကို ဦးတည် ပျံသန်းနေခဲ့ရာမှာ ၇ နာရီလောက်
အကြာမှာတော့ ဂြိုဟ်တုတစ်လုံးက လေယာဉ်ဆီက အချက်ပြမှုကို တစ်ကြိမ်
ဖမ်းယူရရှိခဲ့ပါတယ်။
အဲဒီ ဂြိုဟ်တုဟာ လေယာဉ်ရဲ့ နောက်ဆုံးတည်နေရာ အတိအကျကို မပြောနိုင်ပေမယ့်
ကာဇက်စတန်ကနေ ထိုင်းနိုင်ငံမြောက်ပိုင်း အထိ မြောက်ဘက်လမ်းကြောင်း၊
သို့မဟုတ် အင်ဒိုနီးရှားကနေ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအထိ
တောင်ဘက်လမ်းကြောင်းမှာ ရှိနေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခု အချက်အလက်သစ်တွေအရ လေယာဉ်ပျောက် ရှာဖွေသူတွေအနေနဲ့
လိုက်ပါသွားတဲ့ ခရီးသည်တွေကို ပစ်မှတ်ထားပြီး ရှာဖွေဖို့ ဖြစ်လာပြီလို့
မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။
တစ်ခါ လေယာဉ်ဟာ ပြန်ပေးဆွဲခံရတာပါလား ဆိုတဲ့ မေးမြန်းချက်ကိုတော့ အတည်မပြုနိုင်သေးပါဘူးလို့သာ သူက ဖြေကြားသွားပါတယ်။
BBC Burmese
No comments:
Post a Comment