14 March 2014

KIA ယုတ်မာလား မမာလား မနှင်းမေကိုသာမေးကြည့်ပါတော့..


ဝါးခရာဘွမ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ခင်တန်ခေါင်းဆောင်တဲ့ KIA ၃ ဦးဟာ စီသော်ကျေး ရွာသို့ ညနေ ၄ နာရီချိန်ခန့်တွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး စီသော်ကျေးရွာမှ စီငန်း ကျေးရွာအထွက် သစ်ကွင်းတွင်ဈေးရောင်နေသော မိုးဒါးလေးကျေးရွာနေ မနှင်းမေအား အတင်း အဓမ္မဆွဲခေါ်ကာ ကားပေါ်သို့တင်ဆောင်၍ စီသော်ကျေးရွာ ကျောင်းရှေ့နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သဖြင့် ရပ်ကွက်လူကြီးများမှ သွားရောက်တောင်းပန်ခဲ့ရာ ည ၁၀ နာရီ အချိန်တွင်ပြန် လည်စေလွှတ်ပေးခဲ့တယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

KIA ဆီကနေတော့ သတင်းမှန် သိရမှာမဟုတ်ဘူး… မနှင်းမေအနေနဲ့လည်း စကားမေး မရဘဲ ငိုပဲငိုနေပြီး ဘာမှ မပြောရဲရှာဘူးဖြစ်နေတယ်… ဒေသခံအချို့ကတော့ မနှင်းမေဟာ ခင်တန် တို့အုပ်စုရဲ့ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရတာလို့ ထင်ကြေးပေးပြောဆိုနေကြပါတယ်။ ဒါ သိတဲ့ကိစ္စ… ဘယ်သူမှ မသိလိုက်ဘဲ မုဒိမ်းကျင့်ခံရတဲ့ ကချင်ပြည်နယ်ထဲက မိန်းကလေးတွေ ဘယ်နှစ်ယောက် လောက် ရှိမလဲဆိုတာတော့ တွေးသာကြည့်ကြပါတော့ဗျာ….။

ရပ်ကွက်လူကြီးတွေကတော့ ခု KIA တွေရဲ့ လုပ်ရပ်ဟာ ဇာတ်လမ်းထဲက လူကြမ်းတွေရဲ့ လုပ်ရပ်မျိုးဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံရဲ့ဥပဒေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက် ခြင်း ဒေသခံတွေကို လက်နက်ကိုင်အနိုင်ကျင့်ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

KIA တွေဟာ မနှင်းမေကို ညနေ ၄ နာရီကနေ ည ၁၀ နာရီထိ အလှကြည့်နေကြတာ လား? ဒါမှမဟုတ်… ထမင်းဖိတ်ကျွေးတာလား… ဘာတွေလုပ်ခဲ့ကြပြီး ဘာတွေဖြစ်ခဲ့တယ် ဆို တာတော့ မနှင်းမေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်… ပရိတ်သတ်ကြီးရော ခင်တန်တို့အုပ်စု ဘာလုပ် မယ်လို့ ထင် မြင်ယူဆကြပါသလဲ…?
Myawady

No comments:

Post a Comment