ညှို့ချက်ပြင်းတဲ့ သူမရဲ့အကြည့်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ မာရီနာဟာ
အခုတစ်ခါမှာလည်း သူမရဲ့ The Chatroom ဆိုတဲ့ ဇာတ်ကားထဲက
ဆွဲဆောင်နိုင်လှတဲ့ သရုပ်ဆောင်ဟန်ပန်တွေကြောင့် ပရိသတ်တွေရဲ့
စိတ်ဝင်စားခြင်း ထပ်မံရရှိခဲ့ပြန်ပါပြီ။ ဒါကြောင့် နာဂတိုင်းရင်းသူလေး
တစ်ယောက်ဖြစ်တဲ့ မာရီနာရဲ့ လတ်တလောမှာ အနုပညာလှုပ်ရှားမှု အကြောင်း
မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘လတ်တလောမှာတော့ မာရီနာရဲ့ သီချင်းတစ်ပုဒ် MTV အတွက်
ပြင်ဆင်နေပါတယ်။ ခပ်မိုက်မိုက်နဲ့ အကောင်းဆုံး ပြသနိုင်ဖို့အတွက်
ရိုက်ကူးနေပါတယ်။ တေးစီးရီးအခွေတွေမှာလည်း သီချင်းဆိုဖြစ်နေပါတယ်။
တစ်ခြားသီချင်းVCDတွေမှာလည်း သရုပ်ဆောင် ဖြစ်နေပါတယ်။ ဓာတ်ပုံရိုက်ဖြစ်တယ်။
နောက်ပြီးအခု ပြည်ပရုပ်ရှင်ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုဖြစ်တဲ့ FOX
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္မဏီကနေ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ
ပါဝင်သရုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုလည်း
အဲဒီ့ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ပြည်ပက ဒါရိုက်တာတွေ ကိုယ်တိုင်က
လာရောက်ပြီး သင်တန်းပို့ချပေးနေပါတယ်’ လို့ သူမက ပြောပါတယ်။
စန္ဒီ /Trend Myanmar
No comments:
Post a Comment